THN Public Media Blog Uncategorized မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လာမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးမယ်
Uncategorized

မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လာမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးမယ်

KUALA LUMPUR, MALAYSIA - JULY 11: Malaysian Foreign Minister Mohamad bin Hasan delivers opening remarks during the 32nd ASEAN Regional Forum in-conjunction with the 58th ASEAN Foreign Ministerial Meeting in Kuala Lumpur, Malaysia on July 11, 2025. (Photo by Syaiful Redzuan/Anadolu via Getty Images

အောက်တိုဘာ ၁၁ – ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်ကော်မရှင် ကျင်းပဖို့ စီစဥ်ထားတဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲ ကိစ္စ အပါအဝင် အဲဒီရွေးကောက်ပွဲကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ လာရောက်လေ့လာဖို့ ဖိတ်ကြားထားမှုကို အခုလကုန် ကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မလေးရှား နိုင်ငံက တင်ပြ ဆွေးနွေးမှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံ တဝန်းရှိ နိုင်ငံရေး ပါတီတွေနဲ့ သက်ဆိုင်သူ အားလုံး ပါဝင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာမှုရှိကာ ယုံကြည်စိတ်ချရတဲ့ ပုံစံနဲ့ ဆောင်ရွက်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အလေးပေး ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

အောက်တိုဘာ ၉ ရက် နေပြည်တော် အလုပ်သဘော ခရီးစဉ် အတွင်း မြန်မာစစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နဲ့ တွေ့ဆုံစဉ် ပြောကြား ခဲ့တာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။မြန်မာစစ်ကော်မရှင်ဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို ရွေးကောက်ပွဲမှာ လာရောက် လေ့လာကြဖို့ ဖိတ်ကြားထားပြီး မလေးရှားနိုင်ငံ အတွက် ဖိတ်ကြား ချက်ကို မလေးရှား ရွေးကောက်ပွဲ ကော်မရှင် (SPR) ထံ ပေးပို့မယ်လို့ မိုဟာမက် ဟာဆန် က ပြောကြားထားပြီး ဖြစ်ပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာ “အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ဒီကိစ္စကို လာမည့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်” လို့ ဖေါ်ပြထားပါတယ်။

မိုဟာမက် ဟာဆန် ရဲ့ တရက်ကြာ ခရီးစဉ်အတွင်း အကြမ်းဖက်မှု ရပ်စဲရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနဲ့ မြန်မာ့အရေး သက်ဆိုင်သူ အားလုံးနဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးမှု တွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် (5PC) ကို အကောင်အထည် ဖော်ဖို့ အရေးကြီးကြောင်း မြန်မာစစ်ကော်မရှင်ကို ထပ်လောင်း ပြောကြားခဲ့ ပါတယ်။

မြန်မာ့အရေး သက်ဆိုင်သူ အလွှာပေါင်းစုံနဲ့ ဆွေးနွေးချက်တွေကိုလည်း စစ်ကော်မရှင် ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့ ပြောကြားခဲ့တယ် လို့လည်း ဖေါ်ပြထားပါတယ်။ကိုးကား – malaymailphoto

– ပုံဟောင်း getty—————————THN Public Media-YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ

https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHATHN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။

https://t.me/+iFZ9Q4hyodJkNjRkhttps://t.me/THNjournalist

တစ်တော့ လာပြီ

@thnmedia

-ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီhttps://www.facebook.com/becomesupporter/100066613536888/————————–တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version