မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က မြန်မာ အတိုက်အခံ အစုအဖွဲ့ ၂၇ ဖွဲ့ကို လက်ခံတွေ့ဆုံ ခဲ့ကြောင်း မနေ့က အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာ က ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မြန်မာ့အရေး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာရေး ကြိုးပမ်းချက် တစိတ်တပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့ ငြိမ်းချမ်းရေး နဲ့ လူသားချင်းစာနာမှု အကူအညီ အတွက် မလေးရှား ဟာ သက်ဆိုင်သူ အားလုံး နဲ့ တက်ကြွစွာ ထိတွေ့ ဆက်ဆံနေတယ်လို့ မစ္စတာ အီဘရာဟင် က ပြောကြားလိုက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အာဆီယံအနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ ကို အခြေအနေ ၂ ခု အောက်မှာ ပေးအပ်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
အဲဒီအခြေအနေ ၂ ခု ကတော့ ချက်ခြင်း အပစ်ရပ်စဲဖို့ နဲ့ လူမျိုးရေး နိုင်ငံရေး မခွဲခြားပဲ အသိုင်းအဝန်းအားလုံး အတွက် အကူအညီ ဖြန့်ဝေရေး အပြည့်အဝ ရရှိရေးတို့ ဖြစ်ပါတယ်။
မနေ့က ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး (East Asia Summit – EAS) ဆိုတာ ကတော့ အာဆီယံ နိုင်ငံတွေနဲ့ ဆွေးနွေးဘက်နိုင်ငံကြီး ၈ နိုင်ငံတို့ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။
ref: Bernama
—————————
THN Public Media
