THN Public Media Blog သတင်း နိုင်ငံရေး မြန်မာအတိုက်အခံ ၂၇ ဖွဲ့ နဲ့ တွေ့ဆုံခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော
နိုင်ငံရေး

မြန်မာအတိုက်အခံ ၂၇ ဖွဲ့ နဲ့ တွေ့ဆုံခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော

Malaysia's Prime Minister Anwar Ibrahim (C) speaks as he attends the 28th ASEAN - Japan Summit with other leaders during the 47th Association of Southeast Asian Nations (ASEAN) Summit in Kuala Lumpur on October 26, 2025. (Photo by Chalinee Thirasupa / POOL / AFP) (Photo by CHALINEE THIRASUPA/POOL/AFP via Getty Images)

အောက်တိုဘာ ၂၈ – ၂၀၂၅

မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က မြန်မာ အတိုက်အခံ အစုအဖွဲ့ ၂၇ ဖွဲ့ကို လက်ခံတွေ့ဆုံ ခဲ့ကြောင်း မနေ့က အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာ က ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မြန်မာ့အရေး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာရေး ကြိုးပမ်းချက် တစိတ်တပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ ငြိမ်းချမ်းရေး နဲ့ လူသားချင်းစာနာမှု အကူအညီ အတွက် မလေးရှား ဟာ သက်ဆိုင်သူ အားလုံး နဲ့ တက်ကြွစွာ ထိတွေ့ ဆက်ဆံနေတယ်လို့ မစ္စတာ အီဘရာဟင် က ပြောကြားလိုက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံအနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ ကို အခြေအနေ ၂ ခု အောက်မှာ ပေးအပ်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

အဲဒီအခြေအနေ ၂ ခု ကတော့ ချက်ခြင်း အပစ်ရပ်စဲဖို့ နဲ့ လူမျိုးရေး နိုင်ငံရေး မခွဲခြားပဲ အသိုင်းအဝန်းအားလုံး အတွက် အကူအညီ ဖြန့်ဝေရေး အပြည့်အဝ ရရှိရေးတို့ ဖြစ်ပါတယ်။

မနေ့က ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး (East Asia Summit – EAS) ဆိုတာ ကတော့ အာဆီယံ နိုင်ငံတွေနဲ့ ဆွေးနွေးဘက်နိုင်ငံကြီး ၈ နိုင်ငံတို့ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။

ref: Bernama

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version