ASEAN

နိုင်ငံရေး

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးတဲ့နောက်လည်း အာဆီယံ နဲ့ မြန်မာပြန်လည် ထိတွေ့ ဆက်ဆံရေး ခက်ခဲမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

နိုဝင်ဘာ ၂၆ – ၂၀၂၅ အာဆီယံ ဒေသတွင်းအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ခက်ခဲ လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မနေ့က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေး သတင်းထောက်များကလပ် မှာ ကျင်းပတဲ့ အခမ်းအနား တခုမှာ သူက “လက်ရှိအခြေအနေတွေ အောက်မှာရော၊ သက်ဆိုင်သူတွေ ပါဝင်မှုရှိတဲ့ လိုအပ်တဲ့ ဆွေးနွေးမှုမျိုး မရှိသေးဘဲ ရွေးကောက်ပွဲ ကျင်းပမယ့် အချက်ကြောင့် မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပြန်လည် ထိတွေ့ ဆက်ဆံဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်’’ လို့ ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဖို့ကိုလည်း

Read More
နိုင်ငံရေး

မြန်မာအတိုက်အခံ ၂၇ ဖွဲ့ နဲ့ တွေ့ဆုံခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၂၈ – ၂၀၂၅ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က မြန်မာ အတိုက်အခံ အစုအဖွဲ့ ၂၇ ဖွဲ့ကို လက်ခံတွေ့ဆုံ ခဲ့ကြောင်း မနေ့က အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာ က ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မြန်မာ့အရေး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်ပေါ်လာရေး ကြိုးပမ်းချက် တစိတ်တပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ ငြိမ်းချမ်းရေး နဲ့ လူသားချင်းစာနာမှု အကူအညီ အတွက် မလေးရှား ဟာ သက်ဆိုင်သူ အားလုံး နဲ့ တက်ကြွစွာ ထိတွေ့ ဆက်ဆံနေတယ်လို့ မစ္စတာ အီဘရာဟင် က ပြောကြားလိုက်ပြီး အာဆီယံ

Read More
နိုင်ငံတကာ နိုင်ငံရေး

စစ်ကော်မရှင် ဒီဇင်ဘာ ရွေးကောက်ပွဲကို အာဆီယံက စောင့်ကြည်သူ စေလွှတ်ဖို့ မရှိကြောင်း သတင်းရင်းမြစ်တွေပြော၊ တနိုင်ငံချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိ

အောက်တိုဘာ ၂၇ – ၂၀၂၅ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ အနေနဲ့ မြန်မာ စစ်ကော်မရှင် က ဒီဇင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ကြောင်း သံတမန် သတင်းရင်း မြစ်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောကြားရာတွင် “ဒါက ဘာကို ဆိုလို သလဲဆိုတော့ အာဆီယံအဖွဲ့ အနေနဲ့ စောင့်ကြည့်သူတွေ မရှိဘူး၊ ဒါပေမဲ့ အာဆီယံနိုင်ငံတွေ ကတော့ နှစ်နိုင်ငံ အလိုက် စောင့်ကြည့်သူတွေ စေလွှတ်ဖို့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်” လို့ ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ နောက်ထပ် အမည်မဖေါ်လိုတဲ့ လက်ထောက် သံတမန်တဦး ကလည်း အာဆီယံရဲ့ အဖွဲ့အစည်း နာမည်ကို

Read More
နိုင်ငံတကာ နိုင်ငံရေး

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ၊ မြန်မာနိုင်ငံမှာ “ငြိမ်းချမ်းရေး ဆိတ်သုဉ်းနေဆဲ” လို့ အာဆီယံ အစည်းအဝေးမှာ ပြောကြား၊ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆို

အောက်တိုဘာ ၂၇ – ၂၀၂၅ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က မြန်မာနိုင်ငံ မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုချလိုက်ပြီး မြန်မာနိုင်ငံမှာ “ငြိမ်းချမ်းရေး ဆိတ်သုဉ်း နေဆဲ” လို့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးမှာ ပြောကြားလိုက် ပါတယ်။ သက်ဆိုင်သူ အားလုံး အနေနဲ့ ရန်လိုမှုတွေကို ရပ်တန့်ကြဖို့နဲ့ အရပ်သားတွေကို ကာကွယ်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အနှောင့်အယှက် ကင်းကင်းနဲ့ ရောက်ရှိခွင့်ပြုဖို့ တို့ကို တိုက်တွန်းသွားခဲ့ပါတယ်။ ဂူတာရက်စ်က ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ လက်ရှိ အခြေအနေတွေအောက်မှာ ကျင်းပမယ့် မည်သည့်

Read More
နိုင်ငံတကာ နိုင်ငံရေး

ရွေးကောက်ပွဲ မတိုင်ခင် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ရမယ်လို့ အာဆီယံ ကြေညာချက် ထုတ်ပြန်

အောက်တိုဘာ ၂၇ – ၂၀၂၅ မနေ့က စတင်ကျင်းတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သုံးသပ်ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အကြမ်းဖက်မှု ရပ်စဲပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်ရမယ်လို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းကတည်းက အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက် ကို အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ပြန်လည် သုံးသပ်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီ ဘုံ ၅ ချက်ကို မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး အတွက် အဓိက ကိုင်ဆွဲမှာ ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ အရပ်သားတွေ

Read More
နိုင်ငံရေး

အရှေ့တီမော အာဆီယံ အဖွဲ့ဝင်ဖြစ်လာတာကို NUG ကြိုဆို

အောက်တိုဘာ ၂၇ – ၂၀၂၅ မနေ့က ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်အးဝေး ကနေ အ‌ရှေ့တီမော နိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အဖြစ် အပြည့်အဝ အသိ အမှတ် ပြုလိုက်တဲ့ အပေါ် အမျိုးသားညီညွတ်ရေး အစိုးရ NUG က နွေးထွေးစွာ ကြိုဆိုကြောင်းနဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေဖို့ ဆုတောင်း ကြောင်းလည်း ဖေါ်ပြထားပါတယ် —- အပြည့်အစုံ —————- “တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက် နွေးထွေးစွာကြိုဆိုပါတယ်။ ဒီအခန်းကဏ္ဍသစ်ကနေကျွန်ုပ်တို့ရဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ ဆုမွန်ကောင်း တောင်းအပ် ပါတယ်။” နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ “The warmest welcome to

Read More
နိုင်ငံရေး

အာဆီယံ အဖွဲ့ဝင်ဖြစ်လာတဲ့ အရှေ့တီမောက မြန်မာ့ပဋိပက္ခ အတွက် အာဆီယံ ဘုံ ၅ ချက်ကို အပြည့်အဝ ထောက်ခံကြောင်း ပြောကြား

အောက်တိုဘာ ၂၆ – ၂၀၂၅ ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပူပူနွေးနွေး အာဆီယံ အဖွဲ့ဝင် အပြည့်အဝ ဖြစ်လာတဲ့ အရှေ့တီမော နိုင်ငံ က မြန်မာ့ပဋိပက္ခ အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ ထောက်ခံကြောင်း အရှေ့တီမော ဝန်ကြီးချုပ် ရှာနာနာ ဂွတ်ရှမောင်းက ပြောကြားလိုက်ပါတယ်။ အာဆီယံ အဖွဲ့ဝင်ဖြစ်ပြီးနောက် သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ မစ္စတာ ဂွတ်ရှ်မောင်းက ဘုံ ၅ ချက်ဟာ မြန်မာ ပဋိပက္ခအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်အတွက် အဓိကမူဘောင် ဖြစ်ကြောင်း ပြောပါတယ်။ ဒီသဘောတူညီချက်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်စဲဖို့၊ သက်ဆိုင်သူ အားလုံး အကြား အပြုသဘော ဆောင်တဲ့

Read More
နိုင်ငံရေး

မျက်ရည်များနဲ့ ပျော်ခဲ့ရတဲ့ အာဆီယံ မိသားစုဝင် အရှေ့တီမော

အောက်တိုဘာ ၂၆ – ၂၀၂၅ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဒီကနေ့ စတင်လိုက်တဲ့ ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီး အစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲမှာ အရှေ့တီမော နိုင်ငံကို အာဆီယံ ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်တဲ့ အပေါ် အရှေ့တီမော ဝန်ကြီးချုပ် ရှာနာနာ ဂွတ်ရှ်မောင်း ဟာ ပျော်ရွှင်လွန်းလို့ မျက်ရည်များပင် ကျခဲ့ပါတယ်။ ၁၄ နှစ်တာ မျှော်လင့်စောင့်စားခဲ့ရပြီးနောက် အခုတော့ အရှေ့တီမော ဟာ အာဆီယံ တင်းပြည့် အဖွဲ့ဝင် ဖြစ်ခဲ့ပါပြီ။ အဖွဲ့ဝင် ဖြစ်ပြီ ဖြစ်ကြောင်း သမိုင်းဝင် ကြေညာချက်ကို ပြုလုပ်ပြီးတာနဲ့ တပြိုင်နက် ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာရှိ နိုင်ငံတကာ မီဒီယာစင်တာ

Read More
နိုင်ငံရေး

ထရမ့်ရဲ့ ကြီးကြပ်မှုနဲ့ ‘သမိုင်းဝင်’ ထိုင်း-ကမ္ဘောဒီးယား ‘ငြိမ်းချမ်းရေး သဘောတူ စာချုပ်’ လက်မှတ်ရေးထိုး

အောက်တိုဘာ ၂၆ – ၂၀၂၅ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်း အ‌ဝေးကို တက်ရောက်ဖို့ ဒီကနေ့ ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ကာလ ကြာရှည် နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ အကြား ချုပ်ဆိုတဲ့ “ငြိမ်းချမ်းရေး သဘောတူစာချုပ်” လက်မှတ်ရေးထိုး ပွဲကို ကြီးကြပ် ပေးခဲ့ပြီး၊ ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးကာ “သမိုင်းဝင်” သဘောတူညီချက် လို့ ချီးကျူး ပြောကြားလိုက် ပါတယ်။ သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေး ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်း မှာ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်ခဲ့ပြီး၊ ဒီပဋိပက္ခ ကြောင့် လူ နှစ်ဆယ်ကျော်

Read More
နိုင်ငံရေး ပြည်တွင်း

မြန်မာ့ရွေးကောက်ပွဲကို တားဆီးလို့ မရနိုင်ကြောင်းနဲ့ ဘုံ ၅ ချက် ကို ထပ်မံ အတည်ပြု ကြောင်း အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ က ဆုံးဖြတ်

အောက်တိုဘာ ၂၄ – ၂၀၂၅ မြန်မာ စစ်ကော်မရှင်က စီစဥ်ထားတဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အာဆီယံ အနေနဲ့ တားဆီး လို့ မရနိုင်ကြောင်း ဒီကနေ့ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံ ၃ ပွင့်ဆိုင် (ASEAN Troika) ဆွေးနွေးပွဲ အပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။ ၄၇ ကြိမ်မြောက် အာဆီယံ အစည်အဝေး မတိုင်ခင် မြန်မာ့အရေး အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မစ္စတာ ဟာဆန်က “သူတို့ ကျင်းပတာကို ကျွန်တော်တို့ တားလို့မရပါဘူး။ ဒါပေမဲ့ ဘယ်ရွေး ကောက်ပွဲ ဖြစ်စေ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့

Read More