THN Public Media Blog သတင်း နိုင်ငံရေး မြန်မာ့အရေး အာဆီယံ ဝန်ကြီးတွေ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်
နိုင်ငံရေး

မြန်မာ့အရေး အာဆီယံ ဝန်ကြီးတွေ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်

မေလ ၂၄ – ၂၀၂၆

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာ့အရေး အဖြေရှာရေး အွန်လိုင်းကနေ အလွတ်သဘော ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ကြောင်း သိရပါတယ်။

Khmer Times သတင်းဖေါ်ပြချက်အရ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆာခွန်း လည်း တက်ရောက်ပြီး မြန်မာ့အရေး အာဆီယံရဲ့ ဦးဆောင် ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ကမ္ဘောဒီးယားက ထပ်လောင်း အတည်ပြုတယ်လို့ သိရပါတယ်။

ကမ္ဘောဒီယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဒီအစည်းအဝေးမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုတွေ လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မယ့် ဆွေးနွေးပွဲတွေ ဖြစ်လာစေဖို့ အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တရပ် ဖန်တီးပေးဖို့ အရေးကြီးကြောင်း ထပ်လောင်း ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

အစည်းအဝေး အတွင်းမှာ ပရက်ဆာခွန်း က လက်ရှိ မြန်မာ့ အခြေအနေ တွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် နည်းလမ်းတွေ အပေါ် အာဆီယံရဲ့ အခြေခံမူတွေနဲ့ အညီ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်တာ တွေကို ကမ္ဘောဒီးယား အနေနဲ့ ထောက်ခံ အားပေးတယ် ဆိုတာကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Khmer Times ရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာဘက်က တက်ရောက်တာ မတွေ့ရပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version