THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ဆွေးနွေးပွဲ “သိသာထင်ရှားတဲ့ တိုးတက်မှုတွေ” ရနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ပြောကြား
နိုင်ငံတကာ

အီရန်ဆွေးနွေးပွဲ “သိသာထင်ရှားတဲ့ တိုးတက်မှုတွေ” ရနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ပြောကြား

မေလ ၂၄ – ၂၀၂၆

အီရန်နဲ့ ဆွေးနွေးပွဲတွေမှာ “သိသာထင်ရှားတဲ့ တိုးတက်မှုတွေ” ရရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောကြား လိုက်ပါတယ်၊ ဒါပေမဲ့ ဆက်လုပ်စရာ “အလုပ်တွေ” တော့ ကျန်သေး တယ်လို့ ဆိုပါတယ်။

တီဟီရန်နဲ့ ဝါရှင်တန် ဘက်ကနေ အသေးစိတ် အချက်အလက်တွေ ပိုပြီး ထွက်ပေါ်လာချိန်မှာပဲ ရူဘီယို က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆီကနေ ဒီနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာချက် တခု ထွက်လာဖို့ ရှိနေတယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

သမ္မတ ထရမ့်ကလည်း အီရန်နဲ့ သဘောတူညီချက်ရဖို့ အတွက် “အတော်များများ ညှိနှိုင်းပြီးသားဖြစ်နေပြီ” လို့ ပြီးခဲ့တဲ့ စနေနေ့က ပြောကြား ထားပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei ကတော့ ပြီးခဲ့တဲ့ အပတ်အတွင်း အမေရိကန်နဲ့ အီရန်တို့ကြား သဘောထားတွေ နီးစပ်လာ သလို မြင်ရပေမဲ့ ဒါဟာ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ သဘောတူညီချက် ရသွားတာမျိုး မဆိုလို ဘူးလို့ ပြောပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တွေကတော့ အပစ်အခတ် ရပ်စဲရေး ရက်ပေါင်း ၆၀ ထပ်တိုးဖို့နဲ့ ဟော်မုဇ် ရေလက်ကြား ကို ပြန်ဖွင့်ပေးဖို့တွေ ပါဝင် နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

တကယ်တော့ အီရန်နဲ့ အမေရိကန်တို့ဟာ မူလက နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြတာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အဆင်ပြေ ချောမွေ့စေဖို့ အတွက် သက်တမ်း ထပ်တိုး ခဲ့ကြတာ ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version