THN Public Media Blog သတင်း War မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးကာ ၁၅ ယောက်ဒဏ်ရာရ
War

မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးကာ ၁၅ ယောက်ဒဏ်ရာရ

နိုဝင်ဘာ ၂၀ ၊ ၂၀၂၅

မကွေးတိုင်း ၊ မြိုင်မြို့နယ် မြောက်ပိုင်း မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းက လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး လူငါးယောက် သေဆုံးကာ နောက်ထပ် ၁၅ ယောက် ထက် မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုက ည ၁၂ နာရီကျော်လောက်မှာ ကံကြီးရွာပေါ်ကို ကျရောက် ပေါက်ကွဲ ခဲ့တာဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု အပြင် ထိခိုက်ဒဏ်ရာရသူတွေ ပါရှိခဲ့ကာ နေအိမ်တွေလည်း ပျက်စီးမှု ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

” သေဆုံးသူ ငါးယောက်ရှိတယ် ။ထိခိုက်ဒဏ်ရာရသူက ၁၅ ယောက် ရှိတယ် ။ နေအိမ် အလုံး ၂၀ ပျက်စီးမှု ရှိသွားပါတယ် ။ ည ၁၂ နာရီ ၁၁ မိနစ်လောက်မှာ လေယာဥ်နဲ့ နှစ်လုံး လာကြဲသွားတာပါ ။ ” လို့ စစ်ရှောင် အရေး ကူညီနေသူက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ လူခြောက်ယောက် ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ၊ ဒဏ်ရာရရှိသူတွေကို ကုသဖို့အတွက် ဆေးဝါးလိုအပ်ချက် ရှိနေတယ်လို့လည်း သိရပါတယ် ။

လက်ရှိမှာတော့ ကံကြီး ကျေးရွာအပါအဝင် အနီးအနားက ဒေသခံတွေ စစ်ဘေးရှောင်နေ ကြတယ်လို့သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မြိုင်မြို့နယ်အတွင်းမှာ စက်တပ်လေထီးနဲ့ လေကြောင်းတို က်ခိုက်မှု ရှိခဲ့ပြီး လူတယောက်ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦအချို့ ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ် တောင်ပိုင်းမှာ စက်တပ် လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

လက်ရှိမှာ မြိုင်မြို့နယ်အတွင်း စစ်တပ်နဲ့ PDF တပ်တွေ အကြား စစ်ရေး အခြေအနေ တင်းမာနေပြီး စစ်တပ်က အင်အားရာနဲ့ချီပြီး မြေပြင် စစ်ကြောင်းထိုး ရှင်းလင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရ ပါတယ်။

ဓာတ်ပုံ – we love myaing

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version