THN Public Media Blog သတင်း War ရိုမေးနီးယား ဟာ ရုရှားဒရုန်း ဝင်ရောက်လာတဲ့ ဒုတိယမြောက် နေတိုး နိုင်ငံဖြစ်လာ
War နိုင်ငံတကာ

ရိုမေးနီးယား ဟာ ရုရှားဒရုန်း ဝင်ရောက်လာတဲ့ ဒုတိယမြောက် နေတိုး နိုင်ငံဖြစ်လာ

စက်တင်ဘာ ၁၅ – ၂၀၂၅

ရုရှားဒရုန်းတစင်း ဟာ ရိုမေးနီးယား လေပိုင်နက်ထဲကို ပြီးခဲ့တဲ့ စနေနေ့ က ကျူးကျော် ဝင်ရောက်တဲ့ အတွက် ရုရှားဒရုန်းဟာ ဒုတိယမြောက် နေတိုး နိုင်ငံ တခုကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းအပေါ် ရုရှားတို့ရဲ့ တိုက်ခိုက်မှုကို စောင့်ကြည့်နေစဉ် ရိုမေးနီးယား တိုက်လေယာဉ်တွေဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းနယ်စပ် အနီး ရိုမေးနီးယား ထဲ ဝင်ရောက်လာတဲ့ ဒရုန်းကို ခြေရာခံနိုင်ခဲ့တာလို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Danube မြစ်ပေါ်ရှိ ယူကရိန်း အခြေခံအဆောက် အအုံများကို ရုရှား လေကြောင်း တိုက်ခိုက်မှုတွေ “ဖြစ်ပွားခဲ့ပြီးနောက် ရိုမေးနီးယား နယ်စပ် ကို F-16 ဂျက်လေယာဉ် နှစ်စင်းနဲ့ စောင့်ကြည့်နေစဉ် ရုရှား ဒရုန်းကို ခြေရာခံမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ဒီကျူးကျော်မှုဟာ မတော်တဆ ဖြစ်တာ မဟုတ်ဘဲ “ရုရှားတို့ စစ်ပွဲကို ထင်ထင်ရှားရှား ချဲ့ထွင်တာ” ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
မော်စကိုကတော့ ရိုမေးနီးယားရဲ့ ပြောဆိုချက်တွေ အပေါ် တစုံတရာ မှတ်ချက် မပေးသေးပါ။

ဗုဒ္ဓဟူးနေ့ ကလည်း ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်း အနည်းဆုံး သုံးစင်း ဝင်ရောက်လာခဲ့ရာ ပိုလန်ဘက်က ပစ်ချလိုက်တယ်လို့ ပြောပါတယ်။
ဒရုန်းဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ရိုမေးနီးယားဘက်က ရုရှား သံအမတ် ကို Bucharest မြို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနကို ခေါ်ယူ တွေ့ဆုံခဲ့ ပါတယ်။
ဒရုန်းကို Chilia Veche ကျေးရွာ အနောက်တောင်ဘက် ၁၂.၄ မိုင် အကွာမှာ တွေ့ရှိခဲ့ပြီးနောက် ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

လူနေ ထူထပ်တဲ့ နေရာတွေပေါ် ကနေ ပျံသန်းတာ မဟုတ်တဲ့ အတွက် အန္တရာယ် မရှိခဲ့ဘူးလို့ ဝန်ကြီးဌာနက ပြောကြားခဲ့ သလို ပစ်ချခဲ့ခြင်း လည်း မရှိပါ။
—————————
THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version