THN Public Media Blog သတင်း War ရေလက်ကြားအနီး အမေရိကန်ရဲ့ ပိတ်ဆို့မှုကို အီရန်တပ်မှူး သတိပေး
War နိုင်ငံတကာ

ရေလက်ကြားအနီး အမေရိကန်ရဲ့ ပိတ်ဆို့မှုကို အီရန်တပ်မှူး သတိပေး

ဧပြီ ၁၅ – ၂၉၂၆

အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုသာ ဆက်ရှိနေမယ်ဆိုရင် ပါရှန်း ပင်လယ်ကွေ့နဲ့ ပင်လယ်နီ အတွင်းက သင်္ဘောသွားလာရေး လမ်းကြောင်း တွေကို တိုက်ခိုက် သွားမယ်လို့ အီရန်စစ်ဘက် တပ်မှူးတဦးက သတိပေး ခြိမ်းခြောက် လိုက်ပါတယ်။

အီရန်ရဲ့ ကုန်သွယ်ရေး သင်္ဘောတွေနဲ့ ရေနံတင် သင်္ဘောတွေအတွက် အမေရိကန်က မလုံခြုံမှုတွေ ဖန်တီးလာမယ်ဆိုရင် အီရန်ဘက်ကလည်း အဓိက ရေကြောင်းလမ်း ၃ ခုလုံးမှာ ဘယ်ကုန်စည် တင်ပို့မှု ဒါမှမဟုတ် တင်သွင်းမှု ကိုမှ ခွင့်ပြုမှာမဟုတ်ဘူး လို့ အီရန်တပ်မှူးတဦးက ပြောကြားခဲ့ တာ ဖြစ်ပါတယ်။

အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က တနင်္လာနေ့ကတည်းက စတင် ပိတ်ဆို့ ခဲ့တာဖြစ်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ဘယ်သင်္ဘောမှ ဖြတ်ကျော် နိုင်ခြင်း မရှိဘူးလို့ အမေရိကန် စစ်တပ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ရေတပ်မရှိတော့တဲ့ အီရန် ဘယ်လိုခြိမ်းခြောက်မှာလဲ

——————————–

တကယ်တော့ သင်္ဘောသွားလာရေးကို ခြိမ်းခြောက်ဖို့ အတွက် အီရန်မှာ ပုံမှန်ရေတပ် ရှိနေဖို့ မလိုပါဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ပါရှန်းပင်လယ်ကွေ့ ထဲမှာ အဓိက နေရာယူလာတဲ့ အီရန်တော်လှန်ရေး အစောင့်တပ် IRGC ရဲ့ ရေတပ်ဟာ အထူး စစ်ဆင်ရေးတွေ အတွက် နှစ်ပေါင်းများစွာ လေ့ကျင့် ပြင်ဆင်ထားခဲ့ တာပါ။

ဒီဗျူဟာတွေထဲမှာ သေးငယ်ပြီး လူမသိအောင် လှုပ်ရှားနိုင်တဲ့ တပ်ဖွဲ့ငယ် လေးတွေ သုံးပြီး သင်္ဘောကိုယ်ထည်တွေမှာ မိုင်းကပ်တာမျိုး၊ ဒါမှမဟုတ် ကမ်းရိုးတန်း တလျှောက် ပုန်းကွယ်လို့ ကောင်းတဲ့ နေရာတွေ ကနေ C4 ယမ်းဘီလူးတွေ အပြည့်တင်ထားတဲ့ ဈေးပေါပြီး ဝှက်ရလွယ်တဲ့ ဒရုန်းတွေနဲ့ ချောင်းမြောင်း တိုက်ခိုက်တာမျိုးတွေ ပါဝင်ပါတယ်။

နောက်ထပ် စိုးရိမ်စရာ တခုကတော့ ယီမင်မှာရှိတဲ့ ဟူသီလက်နက်ကိုင် တွေပါ။

သူတို့ဟာ အီရန်နဲ့ မဟာမိတ် ဖြစ်ပြီး အစ္စရေးနဲ့ အနောက်နိုင်ငံတွေ အပေါ် အီရန်လိုပဲ ရန်လိုမုန်းတီးတဲ့ သဘောထားချင်း တူကြပါတယ်။

ကမ္ဘာ့သင်္ဘောလိုင်းတွေနဲ့ ကမ္ဘာ့စီးပွားရေး အတွက် အဆိုးရွားဆုံး အခြေအနေ ကတော့ ပင်လယ်နီ တောင်ဘက် အဝင်ဝ ကျဉ်းမြောင်းတဲ့ နေရာကို ဖြတ်သန်း သွားလာနေတဲ့ သင်္ဘောတွေကို ဟူသီတွေက အကြီး အကျယ် ပြန်လည် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မှာပဲ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီလိုဖြစ်လာခဲ့ရင် ဆော်ဒီအာရေးဗီးယားက ပင်လယ်နီမှာ ရှိတဲ့ Yanbu ဆိပ်ကမ်း ကနေ တရက်ကို ရေနံစည်ပေါင်း ၇ သန်း လောက် တင်ပို့ နေတဲ့ လုပ်ငန်းစဉ် အပေါ် အကြီးအကျယ် ထိခိုက် ပျက်စီးသွားစေ နိုင်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version