ပြည်တွင်း

ရွေးကောက်ပွဲ မဲပေးဖို့ ခြိမ်းခြောက်သူတွေရှိရင် NUG ကို တိုင်ကြားနိုင်ပြီ

နိုဝင်ဘာ ၆ – ၂၀၂၅

အတုအယောင်ရွေးကောက်ပွဲမှာ မဲပေးဖို့ ခြိမ်းခြောက် အကျပ်ကိုင်မယ်ဆိုရင် အမျိုးသားညီညွတ်ရေး အစိုးရ NUG တိုင်ကြားနိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲပေးဖို့ ခြိမ်းခြောက် အကျပ်ကိုင်မယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ပြစ်မှုထင်ရှားပါက NUG အနေနဲ့ ကျူးလွန်သူတွေကို ဥပဒေ နဲ့ အညီ ထိရောက်စွာ အရေးယူမယ်လို့ ဆိုထားပါတယ်။

————–

တိုင်ကြားရန်

Telegram – https://t.me/publicnugmohai

သိလိုသည်များမေးမြန်းရန်နှင့်

အကြံဉာဏ်တောင်းခံရန်

Telegram – https://t.me/nugpublicaffairsbot

(နေ့စဉ် ည ၈ နာရီမှ ည ၁၀နာရီအထိ)

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *