THN Public Media Blog သတင်း နိုင်ငံတကာ ရွေးကောက်ပွဲ အလွန် မြန်မာနိုင်ငံကို အာဆီယံထဲ ပြန်ဝင်လာရေး ကူညီဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
နိုင်ငံတကာ

ရွေးကောက်ပွဲ အလွန် မြန်မာနိုင်ငံကို အာဆီယံထဲ ပြန်ဝင်လာရေး ကူညီဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဖေဖေါ်ဝါရီ ၁၈ – ၂၀၂၆

ဒီကနေ့ ထိုင်းနိုင်ငံ ဖူးခက်မြို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow နဲ့ မြန်မာ စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တို့ တွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး က မြန်မာနိုင်ငံ ရွေးကောက်ပွဲ အလွန် ကူညီဖို့ အသင့်ရှိကြောင်း ထုတ်ဖေါ် ပြောကြား လိုက် ပါတယ်။

အခုလို ပြောဆိုချက်ဟာ မြန်မာနိုင်ငံကို အာဆီယံမိသားစု ထဲသို့ ပြန်လည် ခေါ်ဆောင်ဖို့ ပထမခြေလှမ်း ဖြစ်လာပါတယ်။

ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံကို အာဆီယံ မိသားစု အတွင်း ပြန်လည် ဝင်ရောက်နိုင်စေဖို့ ထိုင်းနိုင်ငံက တံတား အနေနဲ့ ပိုမို တက်ကြွစွာ ဆောင်ရွက်နေပြီး၊ တဘက်တွင်လည်း ဒေသတွင်း အာဆီယံ နဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်းက ထောက်ပြထားတဲ့ စိုးရိမ်ပူပန်မှု တွေကို တုံ့ပြန် ဖြေရှင်းဖို့ နေပြည်တော်ကို တိုက်တွန်းထားပါတယ်။

တွေ့ဆုံဆွေးနွေး အပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ထိုင်းနိုင်ငံ ဟာ မြန်မာနဲ့ နယ်စပ် တလျှောက် တိုက်ရိုက် ထိခိုက်မှု ရှိနေတဲ့ နိုင်ငံ အနေနဲ့ ရှေ့တန်းကနေ တဖြည်းဖြည်း ချင်း မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံသွားဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို အာဆီယံဘောင်ထဲ ပြန်လည် ရောက်ရှိစေဖို့ ကူညီမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ထိုင်းနိုင်ငံက တံတားအဖြစ် ဆောင်ရွက်ပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အာဆီယံ မိသားစုထဲ ပြန်ဝင်နိုင်အောင် ကူညီပေးမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဘက်ကလည်း အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ခြင်း အားဖြင့် ကျွန်တော်တို့ကို ပြန်ကူညီရမယ်” လို့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံ အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စတင်ဖို့ လူသားချင်းစာနာမှု အကူအညီတွေ ပိုမို ရောက်ရှိစေဖို့ နဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်မှုတွေကို ရှောင်ကြဉ် ဖို့ အပါအဝင် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုများကို ပြသဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားတယ်လို့ သူက ပြောပါတယ်။

၂၀၂၁ တုန်းက မြန်မာ စစ်ကောင်စီက သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထိရောက်တဲ့ အကောင်အထည် ဖော်မှု နည်းပါးခဲ့တာကြောင့် ဘုံ ၅ ချက်ကို လက်တွေ့ လုပ်ဆောင်မယ်ဆိုရင် အပြုသဘော ဆောင်တယ်လို့ ရှုမြင်ခံရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဆွေးနွေးပွဲအတွင်း ထိုင်းဘက်က အဆိုပြုချက်တွေ အပေါ် မြန်မာဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ပြသခဲ့ကြောင်းလည်း မစ္စတာ Sihasak Phuangketkeow က ပြောပါတယ်။

ထိုင်း-မြန်မာ ကုန်သွယ်မှု တံခါးပေါက်ဖြစ်တဲ့ မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးကို ပြန်လည် အသက်သွင်းဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ ကြကြောင်း သိရပါတယ်။

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version