THN Public Media Blog သတင်း ပြည်တွင်း ရွှေကုက္ကိုလ် ကျားဖျန့် စစ်ဆင်ရေး ဒုတိယနေ့၊ ဆက်လက် ဖမ်းဆီးမှုတွေ နဲ့ ပြောင်းရွှေ့နေတဲ့ ပုံရိပ်တချို့တွေ့
ပြည်တွင်း

ရွှေကုက္ကိုလ် ကျားဖျန့် စစ်ဆင်ရေး ဒုတိယနေ့၊ ဆက်လက် ဖမ်းဆီးမှုတွေ နဲ့ ပြောင်းရွှေ့နေတဲ့ ပုံရိပ်တချို့တွေ့

နိုဝငဘ်ာ ၁၉ – ၂၀၂၅

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ် မှာ ကျားဖျန့် နှိမ်နင်ရေး စစ်ဆင်မှုတွေကို ဒုတိယနေ့ အဖြစ် BGF နဲ့ မြန်မာစစ်တပ် တို့ ဆက်လက် ဆောင်ရွက်နေကြောင်း သိရပါတယ်။

BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် နဲ့ ကရင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် တို့ ဦးဆောင် နှိမ်နင်းနေတယ်လို့ သိရပြီး ဖမ်းဆီးမှုတွေ ဆက်ရှိနေ ပါတယ်။

ထိုင်းဘက်ခြမ်း ကနေ မြင်ရတဲ့ အခြေအနေမှာ BGF တပ်ဖွဲ့ဝင်တွေဟာ သောင်ရင်းမြစ် တလျှောက် အင်အား ဖြန့်ကျက်ထားပြီး၊ ရွှေကုက္ကိုလ် မြို့ထဲမှာလည်း ကင်းလှည့်ယာဉ်တွေ မောင်းနှင်နေကာ တပ်ဖွဲ့ဝင် တွေကို မြို့တွင်းကို စစ်ဆေးရန် စေလွှတ်နေ ပါတယ်။

တရုတ်လူမျိုး တချို့ ခရီးဆောင်အိတ်တွေ နဲ့ ရထိုက် ကုမ္ပဏီ ကားဂိတ် စုဝေးနေကာ ဒါဟာ တခြားနေရာ တခုခုကို ရွှေ့ပြောင်းဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: The Reporters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version