THN Public Media Blog သတင်း နိုင်ငံတကာ KK Park ကနေ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းအထူးတပ်ဖွဲ့က ဖမ်းဆီး
နိုင်ငံတကာ

KK Park ကနေ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းအထူးတပ်ဖွဲ့က ဖမ်းဆီး

နိုဝင်ဘာ ၁၉ – ၂၀၂၅

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းအထူးတပ်ဖွဲ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ Mae Tao ရွာ လယ်ကွင်းမှာ ကင်းလှည့်နေစဥ် ဒီကနေ့မှာ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

ဖမ်းဆီးရမိသူ ၃၉ ဦးထဲမှာ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်ပြီး နိုင်ငံ ၁၂ နိုင်ငံက ဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ၁၂ ဦး၊ အိန္ဒိယ ၂ ဦး၊ နီပေါ ၂ ဦး၊ ယူဂန္ဓာ ၃ ဦး၊ တောင်ဆူဒန် ၁ ဦး၊ ကင်ညာ ၁၂ ဦး၊ အီဂျစ် ၁ ဦး၊ ဗီယက်နမ် ၃ ဦး၊ ကာဇက်စတန် ၁ ဦး၊ ဘူရွန်ဒီ ၁ ဦး နဲ့ ရဝမ်ဒါ ၁ ဦး တို့ဖြစ်ကြပါတယ်။

သူတို့ဟာ KK Park မှာ နှိမ်နင်းမှုတွေ ပြုလုပ်ပြီးနောက် ထွက်ပြေး လာတာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံသားတွေလို တချို့သူတွေကတော့ သူတို့ သံရုံးတွေနဲ့ ဆက်သွယ်ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီ နိုင်ငံခြားသားတွေထဲက အများစုဟာ ထိုင်းနိုင်ငံကို လာရောက် အလုပ်လုပ်ဖို့ ကြော်ငြာတွေ ကမ်းလှမ်းမှုတွေ ရရှိခဲ့ကြောင်း ပြောကြား ပါတယ်။

ဒါပေမယ့်လည်း ဘန်ကောက်ကို ရောက်ရှိပြီးနောက် သူတို့ကို မဲဆောက် မြို့နယ်ကို ခေါ်ဆောင်လာကာ၊ နယ်စပ်ဖြတ်ကျော် လမ်းတွေက တဆင့် မြန်မာနိုင်ငံသို့ အတင်းအကြပ် ခေါ်ဆောင်၊ ပတ်စ်ပို့တွေကို သိမ်းယူပြီး အလုပ်လုပ်ဖို့ ဖိအားပေးတာ ခံခဲ့ရတာလို့ ဆိုပါတယ်။

အစပိုင်းမှာ ဘယ်သူနဲ့မှာ အဆက်အသွယ် လုပ်မရဘဲ ဘယ်နေရာ ရောက်ရှိ နေတာကို မသိခဲ့ကြောင်း သူတို့က ပြောပါတယ်။

ထိုင်း တာဝန်ရှိသူတွေက ဖမ်းဆီးရမိသူအားလုံးကို တာ့ခ်ခရိုင်၊ မဲဆောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီး ထပ်မံ စစ်ဆေးပြီး ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: The Reporters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version