THN Public Media Blog သတင်း နိုင်ငံရေး ရွှေကူမြို့ကနေ ပြည်သူတွေ ထွက်ခွာဖို့ KIA ထုတ်ပြန်
နိုင်ငံရေး

ရွှေကူမြို့ကနေ ပြည်သူတွေ ထွက်ခွာဖို့ KIA ထုတ်ပြန်

ဇွန် ၉ – ၂၀၂၆

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ အဝင်လမ်းမကြီး နဲ့ ငါးအိုး- ရွှေကူလမ်းမကြီး အားလုံးကို မနေ့ ဇွန် ၈ ရက်နေ့က စလို့ ရက်အကန့်အသတ် မရှိပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၁၁ တပ်ရင်း ၁၂ ကနေ အသိပေးထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့ထဲကနေလည်း ပြည်သူတွေ ထွက်ခွာကြဖို့ အသိပေးထားပြီး မြို့ထဲမှာ နေထိုင်လို့ တခုခု ဖြစ်ခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

အခုလောလောဆယ်မှာတော့ ရွှေကူမြို့ တဝိုက် နယ်မြေတွေမှာ စစ်တပ်နဲ့ KIA အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version