THN Public Media Blog သတင်း War ရှမ်းမြောက်ဒေသ သီပေါကို စစ်တပ် ပြန်ထိန်းချုပ်
War နိုင်ငံရေး ပြည်တွင်း

ရှမ်းမြောက်ဒေသ သီပေါကို စစ်တပ် ပြန်ထိန်းချုပ်

အောက်တိုဘာ ၁၇ -၂၀၂၅

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသ သီပေါမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဓာတ်ပုံတွေ နဲ့ ဖေါ်ပြထားတာ ကို တွေ့ရပါတယ်။

စစ်တပ်က မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း ကတည်းက သီပေါ ကို ဝင်ရောက် ထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ် သီပေါ မြို့ထဲ ဝင်ပြီ။ ည ၈ နာရီဝန်းကျင်လောက်က စစ်တပ် ဝင်လာတာ သေချာတယ်ဆိုတာ သိရတာ” လို့ သီပေါ မြို့ခံ တယောက်က ပြောပါတယ်။

မနေ့ ညနေပိုင်း ၃ နာရီခွဲ လောက်မှာ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီး‌တွေကို Mask တပ်ထားတဲ့ အရပ်ဝတ်လူ လေးယောက် မီးလိုက်ရှို့တာ မြင်ရပြီး‌နောက် နာရီဝက်ခန့် မီးလောင်ကာ မိုးရွာလို့ မီးပြန်ငြိမ်း သွားခဲ့တယ်လို့ သူက ပြောပါတယ်။

သီပေါမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အတွင်း ၂၀၂၄ အောက်တိုဘာလမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ဘက်က အောက်တိုဘာ ၁ ရက်နေ့မှာ ကျောက်မဲကို ပြန်ထိန်းချုပ် ခဲ့ပြီးနောက် အခု အောက်တိုဘာ ၁၇ ရက်နေ့မှာ သီပေါကို သိမ်းခဲ့တာ ဖြစ်ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version