THN Public Media Blog သတင်း နိုင်ငံတကာ လကမ္ဘာသွား ယာဥ်ငယ်ရဲ့ ဆယ်ဖီ နဲ့ လမ်းတဝက်ခရီး
နိုင်ငံတကာ

လကမ္ဘာသွား ယာဥ်ငယ်ရဲ့ ဆယ်ဖီ နဲ့ လမ်းတဝက်ခရီး

CM_SM_External_Survey1

ဧပြီ ၅ – ၂၀၂၆

လကမ္ဘာဆီကို ဦးတည် မောင်းနှင်နေတဲ့ Orion ယာဥ်ငယ် ရဲ့ ဆယ်ဖီ ပုံရိပ်တွေကို အာကာသယာဥ်မှူးတွေက မြေပြင်ကို ပို့ပေးခဲ့ပြီးအ ခုဆိုရင် ခရီး တဝက် ရောက်ရှိနေပြီ လို့ သိရပါတယ်။

အာကာသယာဉ်မှူးတွေ လကမ္ဘာဆီ ရောက်ရှိသွားတဲ့ အခါမှာတော့ လပြည့်ဝန်းနား ကနေ အနီးကပ် ပျံသန်းမှာ ဖြစ်ပြီး လမျက်နှာပြင်နဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာ စူးစမ်းမှုတွေကို လုပ်ဆောင် သွားကြမှာ ပါ။

အခု မြင်တွေ့နေရတဲ့ စာရေးထားတဲ့ ဓာတ်ပုံကတော့ Orion အာကာသယာဉ်ရဲ့ ဆိုလာပြား တောင်ပံ ထိပ်ဖျားမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ တဆင့် လှမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အဝေး တနေရာမှာ လကမ္ဘာကြီးကို မြင်တွေ့ရတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version