THN Public Media Blog သတင်း War လက်နက်ကိုင်အဖွဲ့ ဖမ်းထားတဲ့ ဗုဒ္ဓဂါယာ “ဝင်းဝင်းနို့ဆီ” ကျောင်းတိုက် ဆရာတော် ပြန်လွတ်ပြီ
War ပြည်တွင်း

လက်နက်ကိုင်အဖွဲ့ ဖမ်းထားတဲ့ ဗုဒ္ဓဂါယာ “ဝင်းဝင်းနို့ဆီ” ကျောင်းတိုက် ဆရာတော် ပြန်လွတ်ပြီ

ဇန်နဝါရီ ၄ – ၂၀၂၆

စစ်ကိုင်းတိုင်း လက်နက်ကိုင် အဖွဲ့တခုကာ ဖမ်းဆီးထားတဲ့ အိန္ဒိယ – မြန်မာ သာသနာပြု ဆရာတော် ဒေါက်တာဝိသုတ ကို ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မှာ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ ဆရာတော်ကြီး လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။

” ဆရာတော်ကြီး ဒီနေ့ ပြန်လွတ်ပြီ ။ ခံဝန်ပေါ့လေ ။ ခံဝန်ထိုးရတယ် ။ရွှေဘိုမြို့ကို မသွားရဘူး ။ အခု ရန်ကုန်ကို သူတို့ အစီအစဥ် လုပ်ပေးတယ်။ အစီအစဥ် လုပ်ပြီးတော့ ရန်ကုန်ကို ပြန်လွှတ်လိုက်ပြီ။ ရန်ကုန် ကနေ အိန္ဒိယကို ပြန်ကြွရမယ်။ ရန်ကုန်ကိုတော့ မရောက်သေးဘူး ။ တွေ့တဲ့ သူတော့ တွေ့တယ် အဲလောက်ပဲ ။ လွတ်တာတော့ သေချာပါပြီ။ ” လို့ ပတ်သက်ပြီး အရှင် သုနန္ဒက မိန့်ပါတယ်။

ဆရာတော်ကြီး ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တောင်ပုလ ဆရာတော်ကလည်း ခုလို မိန့်ကြားပါတယ်။

” ဆရာတော်ကြီး လွတ်လာပါပြီ ။ ရန်ကုန် လာနေပါတယ် ။ ” လို့ အတည်ပြု မိန့်ကြားပါတယ်။

ဆရာတော် ဒေါက်တာဝိသုတ ဟာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ “ဝင်းဝင်းနို့ဆီ” ကျောင်းတိုက် နှင့် ရွှေဘိုမြို့ မဟာဝိသု တာရာမ ဗုဒ္ဓဂယာ ကျောင်းတိုက်တို့ကို တည်ထောင်ထားတဲ့ ဆရာတော်ကြီး ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ သာသနာပြုပြီး နိုင်ငံရေး အရောင်အဆင်းကင်းပြီး သာသနာ့စိတ်ဓါတ် အပြည့်ရှိတဲ့

ကြည်ညိုထိုက်သော ရဟန်းတော် တပါးဖြစ် တယ်လို့ သိရပါတယ် ။

ဆရာတော် ဒေါက်တာ ဝိသုတဟာ အိန္ဒိယကို ပြန်ကြွဖို့အတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ ရွှေဘိုမြို့ ကနေ ရန်ကုန်ကို ခရီးသည်တင်ကားနဲ့ ပြန်လာစဥ် ရွှေဘိုမြို့ အထွက် ကင်းဗျားရွာ အနီးမှာ လက်နက်ကိုင် အဖွဲ့တခုက ဆရာတော်ကြီးကို ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ကြီး ဖမ်းဆီးခံရ ပြီးနောက် ပြန်လည် လွှတ်ပေးဖို့ အတွက် ဆုတောင်းပွဲတွေ ၊ တောင်းဆို မှုတွေ အကြိမ်ကြိမ်ပြု လုပ်ခဲ့ကြပါတယ်။

ဆရာတော်ကြီးကိုတော့ ဖမ်းဆီးပြီး နှစ်လ နီးပါးအကြာမှာ လက်နက်ကိုင် အဖွဲ့က ပြန်လွှတ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version