THN Public Media Blog သတင်း နိုင်ငံတကာ ဗင်နီဇွဲလား သမ္မတ မာဒူရို ကို ပြန်လွှတ်ပေးဖို့ ရုရှား တောင်းဆို
နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတ မာဒူရို ကို ပြန်လွှတ်ပေးဖို့ ရုရှား တောင်းဆို

MOSCOW, RUSSIA - MAY 7: (RUSSIA OUT) Venezuelan President Nicolas Maduro (L) exchanges documents with Russian President Vladimir Putin (R) prior to the meeting with President of Russia, May 7, 2025 in Moscow, Russia. President Putin is meeting with foreign leaders who have arrived in Moscow ahead of Victory Day celebrations on May 9, as Russia prepares to commemorate the 80th anniversary of the end of World War II. (Photo by Contributor/Getty Images

ဇန်နဝါရီ ၄ – ၂၀၂၆

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ဖမ်းဆီးထားတဲ့ ဗင်နီဇွဲလား သမ္မတ မာဒူရိုနဲ့ သူ့ဇနီးတို့ကို “ချက်ချင်းပြန်လွှတ်ပေးဖို့” အမေရိကန်ကို အရေးပေါ် တောင်းဆို လိုက်ပါတယ်။

ရုရှားက မာဒူရိုနဲ့ ဇနီးဖြစ်သူဟာ “တရားဝင် ရွေးကောက်ခံထားရတဲ့ ခေါင်းဆောင်တွေ” ဖြစ်တယ်လို့ ဆိုပြီး၊ နှစ်နိုင်ငံ ပြဿနာကို စစ်ရေးအရ မဟုတ်ဘဲ “ဆွေးနွေးပွဲ” နည်းနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ အလေးပေး ပြောကြားခဲ့ ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ “မာဒူရိုတို့ ဇနီးမောင်နှံ အမေရိကန်လက်ထဲ ရောက်နေတာကို အတည်ပြုနိုင်ပြီ ဖြစ်လို့၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုရဲ့ သမ္မတကို ပြန်လွှတ်ပေးဖို့ အမေရိကန် ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်” လို့ ရေးသားထားပါတယ်။

သမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ် တို့ဟာ ဗင်နီဇွဲလား မြို့တော် ကာရာကပ်စ်မှာ အမေရိကန် ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ပူးပေါင်း စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး နိုင်ငံပြင်ပကို ချက်ချင်း ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

သမ္မတ ထရမ့် ကတော့ မာဒူရိုတို့ ဇနီးမောင်နှံကို “မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ မူးယစ်-အကြမ်းဖက်မှု ပူးပေါင်းကြံစည်မှု” တွေနဲ့ နယူးယောက် တရားရုံးမှာ တရားစွဲထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထရန့်က “ဒီလို စစ်ဆင်ရေးမျိုးကို ကမ္ဘာမှာ ဘယ်နိုင်ငံမှ မလုပ်နိုင်ဘူး၊ ငါတို့ စစ်တပ်က ဗင်နီဇွဲလားရဲ့ စစ်ရေး စွမ်းဆောင်ရည်အားလုံးကို အသုံး မကျဖြစ်အောင် လုပ်ပစ်လိုက်နိုင်တယ်” လို့ ကြွားဝါ ပြောဆိုခဲ့ပါတယ်။

အမှောင်ထုထဲမှာ အင်မတန်ပြင်းထန်လှတဲ့ စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ အခုတော့ မာဒူရိုတို့ ဇနီးမောင်နှံဟာ အမေရိကန် ရဲ့ တရားစီရင်မှုကို ရင်ဆိုင်ရတော့မယ်” လို့ ထရမ့်က ပြောပါတယ်။

သူတို့ကို အမေရိကန်မြေပေါ်မှာ တရားစီရင်မှာ ဖြစ်ပြီး လက်ရှိမှာ နယူးယောက်ကို ခေါ်ဆောင်ထားပါတယ်။

တရားခွင်ကို နယူးယောက်မှာ လုပ်မလား၊ ဖလော်ရီဒါမှာ လုပ်မလား ဆိုတာကိုတော့ နောက်မှ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

အမေရိကန် ရှေ့နေချုပ် Pamela Bondi ကတော့ မာဒူရိုတို့ ဇနီးမောင်နှံ အပေါ် တရားစွဲဆိုထားတဲ့ အမှုတွဲတွေကို လူသိရှင်ကြား ချပြခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version