အမေရိကန်က ဗင်နီဇွဲလာသမ္မတကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် မြို့တော် ကာရာကပ်စ် မှာတော့ ဗင်နီဇွဲလားနိုင်ငံ အမြင့်ဆုံးတရားရုံးက မာဒူရိုလက်ထက် ဒုတိယသမ္မတ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Delcy Rodríguez ကို ယာယီသမ္မတ အဖြစ် တာဝန်ယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
Delcy Rodríguez ကို ခေါင်းဆောင်တင်တာဟာ “အုပ်ချုပ်ရေးဆိုင်ရာ ဆက်လက်တည်တံ့မှုနဲ့ နိုင်ငံတော် ဘက်စုံကာကွယ်ရေးကို အာမခံဖို့ အတွက်” အရေးကြီးတာကြောင့် ဖြစ်တယ်လို့ တရားရုံးချုပ်က ပြောပါတယ်။
ဗင်နီဇွဲလားမှာ နိုင်ငံတော် သမ္မတကို အတင်းအကျပ် မရှိအောင် လုပ်တဲ့ အခြေအနေ အောက်မှာ အစိုးရအုပ်ချုပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ နိုင်ငံတော် ဆက်လက် တည်တံ့ ခိုင်မြဲရေး အာမခံနိုင်ဖို့ ဥပဒေကြောင်းအရ ဆုံးဖြတ်ဖို့ကို တရားရုံးက ဆွေးနွေးဖို့ ရှိပါတယ်။
—————————
THN Public Media
