အမေရိကန်က ဗင်နီဇွဲလာကို ဝင်စီးပြီး သမ္မတ မာဒူရို ကို ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန် အနေနဲ့ လိုအပ်ရင် ဗင်နီဇွဲလားကို ကြီးမားတဲ့ ဒုတိယလှိုင်း တိုက်ခိုက် မှုတွေ လုပ်ဖို့ အသင့် ရှိတယ်လို့ သမ္မတ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။
ဒါပေမယ့်လည်း အစပိုင်းမှာ “ဒုတိယလှိုင်း” လုပ်ဖို့ ပြင်ဆင်ထားပြီး လိုအပ် လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် မနေ့ညက တိုက်ခိုက်မှုရဲ့ အောင်မြင်မှုကို ထည့်သွင်း စဉ်းစားရင် အခုချိန်မှာတော့ မဖြစ်နိုင်တော့ဘူးလို့လည်း သူက ပြောပါတယ်။
ရေနံကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်က ဗင်နီဇွဲလားက ရေနံလုပ်ငန်းဟာ “ပြိုလဲ” သွားပြီ၊ အမေရိကန် ကုမ္ပဏီကြီးတွေဟာ ဗင်နီဇွဲလား နိုင်ငံထဲကို ဝင်ရောက် လာကြပြီး ဘီလီယံနဲ့ချီ သုံးစွဲကြမှာ ဖြစ်ကာ ရေနံ အခြေခံ အဆောက်အအုံတွေကို ပြုပြင်ကြမှာ ဖြစ် သလို “နိုင်ငံအတွက် ငွေရှာကြတော့မှာပါ” လို့ သူက ရှင်းပြပါတယ်။
—————-
THN Public Media
