THN Public Media Blog သတင်း War ဝက်လက်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ကလေး ၂ ဦး အပါအဝင် ၇ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
War

ဝက်လက်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ကလေး ၂ ဦး အပါအဝင် ၇ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၄ – ၂၀၂၅

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ငါးပါတ်ချောင်းရွာမှာ မနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၇ ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။

သေဆုံးသူတွေက အမျိုးသမီး ငါးယောက် နဲ့ အမျိုးသား နှစ်ယောက်တို့ ဖြစ် ကြောင်း သိရှိရပြီး လေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူလည်း ခြောက်ယောက်အထိ ရှိထားတယ်လို့ သိရပါတယ် ။

” ညနေ ၄ နာရီ ၂၀ လောက်မှာ ကြဲသွားတယ်။ ကနဦး သိရတာ သုံးယောက် ပါ။ ထပ်တိုး သေဆုံးတာ လေးယောက်ပါ ။ ထပ်တိုး သေဆုံး တဲ့ အထဲမှာ ကလေးနှစ်ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အထဲမှာ ယောကျ်ားလေး ငါးယောက်နဲ့ မိန်းကလေး တယောက် လို့သိရတယ်။ ” လို့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ် ။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း လူသေဆုံးမှု အပြင် နေအိမ် အချို့လည်း မီးလောင် ပျက်စီးခဲ့သလို ကား သုံးစီး ထိခိုက် ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသမှု လုပ်ပေး နေကြတယ် လို့သိရပါတယ် ။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version