THN Public Media Blog သတင်း နိုင်ငံတကာ စစ်မဲ့ဇုန် ထားရှိရေး အပါအဝင် အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဥ် သစ် ကို သမ္မတ ဇလန်စကီး ထုတ်ဖေါ် ပြောကြား
နိုင်ငံတကာ

စစ်မဲ့ဇုန် ထားရှိရေး အပါအဝင် အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဥ် သစ် ကို သမ္မတ ဇလန်စကီး ထုတ်ဖေါ် ပြောကြား

WARSAW, POLAND DECEMBER 19: President of Ukraine Volodymyr Zelenskyy (pictured) meets with Polish Prime Minister Donald Tusk in Warsaw, Mazovian Voivodeship, Poland, on December 19, 2025. The discussion, part of Zelenskyy's official visit following an EU summit in Brussels, focused on continued political and financial support for Ukraine, security cooperation and shared efforts by Warsaw and Kyiv to bolster assistance amid Russia's ongoing war against Ukraine. (Photo by Artur Widak/NurPhoto via Getty Image

ဒီဇင်ဘာ ၂၄ – ၂၀၂၅

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ အတွက် အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဥ်သစ် ကို မနေ့က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ကို ဖလော်ရီဒါ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ံရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူကရိန်း ဘက်က သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဒီအစီအစဉ်ကို ရုရှားဘက်ကို ပေးပို့ထားပြီး ရုရှားရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေတဲ့ အဆင့်မှာ ရှိပါတယ်။

အဲဒီ အချက် ၂၀ ထဲမှာ ယူကရိန်းရဲ့ အရှေ့ပိုင်းဒေသအချို့ (Donetsk) ကနေ ယူကရိန်း တပ်တွေ ရုပ်ပေးမယ့်အစား အဲဒီနေရာတွေကို “စစ်မဲ့ဇုန်” (ဒါမှမဟုတ်) “လွတ်လပ်တဲ့ စီးပွားရေးဇုန်” အဖြစ် သတ်မှတ်ဖို့ အဆိုပြုထား ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းအနေနဲ့ အရှေ့ပိုင်းဒေသတွေ ကနေ အပြီးတိုင် ထွက်ခွာပေးဖို့ အရင်က တောင်းဆိုထားတာကြောင့် ဒီစစ်မဲ့ဇုန် အဆိုပြုချက်ကို လက်ခံမလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်။

နောက်ထပ် အချက်တွေကတော့ ယူကရိန်းဘက်က ၅ ကီလိုမီတာ ကနေ ၄၀ ကီလိုမီတာ အထိ နောက်ဆုတ် ပေးရင် ရုရှားဘက်ကလည်း အလားတူ အကွာအဝေးကို နောက်ဆုတ် ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ ဇုန်နယ်မြေတွေကို ယူကရိန်းရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးကပဲ ထိန်းချုပ် ရမှာ ဖြစ်ပြီး နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေ ပါဝင်ရမှာပါ။

ရုရှားက ထပ်မံကျူးကျော်လာရင် အမေရိကန်၊ နေတိုး (NATO) နဲ့ ဥရောပနိုင်ငံ တွေက တိုက်ရိုက် စစ်ရေးအရ ကူညီပေးမယ့် အာမခံချက် (နေတိုးပုဒ်မ ၅ နဲ့ ဆင်တူတဲ့ အကာအကွယ်) ကို ရယူထားပါတယ်။

ငြိမ်းချမ်းရေး ရပြီးချိန်မှာလည်း ယူကရိန်း တပ်မတော်ကို အင်အား ၈ သိန်း အထိ ဆက်လက်ထားရှိခွင့် ပြုထားပါတယ်။

ယူကရိန်းကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အဖြစ် သတ်မှတ်ထားတဲ့ အချိန်မှာ (ဥပမာ – ၂၀၂၇-၂၀၂၈) အပြီးသတ် ဝင်ရောက်ခွင့်ပြုဖို့ တောင်းဆို ထားပါတယ်။

အမေရိကန်နဲ့ ဥရောပ ကနေ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် တန်ဖိုးရှိတဲ့ ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေတွေကို ထူထောင်ပေးရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးပြီးတာနဲ့ ယူကရိန်းမှာ ရွေးကောက်ပွဲ တွေကို အမြန်ဆုံး ကျင်းပသွားမှာပါ။

လက်ရှိ ရုရှားသိမ်းထားတဲ့ Zaporizhzhia နျူကလီးယား စက်ရုံ ကို ယူကရိန်း၊ အမေရိကန်နဲ့ ရုရှားတို့ ပူးတွဲ စီမံခန့်ခွဲဖို့ အမေရိကန်က အဆိုပြုထား ပေမယ့် ယူကရိန်းဘက် ကတော့ လက်မခံသေးဘဲ ယူကရိန်း နဲ့ အမေရိကန် ၅၀-၅၀ စီမံဖို့ပဲ လိုလားနေပါတယ်။

ဒီငြိမ်းချမ်းရေး အစီအစဉ် တခုလုံးနဲ့ နယ်မြေဆိုင်ရာ အပေးအယူတွေကို ယူကရိန်း ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ ကျင်းပပြီးမှသာ အတည်ပြုမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version