ပြည်တွင်း

ဝပြည်နယ် ပန်ဆမ်းမြို့က ယမ်းသိုလှောင်စက်ရုံပေါက်ကွဲလို့ လူ အများ အပြား သေဆုံး

ဧပြီ ၈ – ၂၀၂၆

UWSA “ဝ” ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့၊ ယောင်ပန်ရွာ အနီးရှိ ယမ်းသိုလှောင် စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ရာနဲ့ချီ ရှိနိုင်တယ်လို့ ကနဦး သတင်းတွေအရ စုံစမ်းသိရှိ ရပါတယ်။

မနေ့က ဧပြီ ၇ ရက်နေ့၊ ညနေ ၃နာရီလောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ နဲ့ ပတ်သက်ပြီး

“ယမ်းသိုလှောင်ရုံပေါက်ကွဲမှုမှာက လူ ၁၆၀ လောက်သေတယ်လို့ အဲဒီဘက်က သတင်းရတယ်။ သေချာတော့ မပြောနိုင် သေးဘူး။ ပြောတာ တော့ အဲဒီထက်လည်း ပိုနိုင်တယ် သိရတယ်။ အခုအဲဒီနေရာမှာ ဝ’ တပ်ဖွဲ့ တွေက လုံခြုံရေးယူထားတယ် ။ ” လို့ ပန်ဆမ်းဒေသခံနဲ့ အဆက်သွယ် ရှိသူ တယောက်က ပြောပါတယ်။

အဆိုပါ ယမ်းသိုလှောင် စက်ရုံပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဝ အာဏာပိုင် တွေက ဒီကနေ့အထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေရ ဆဲ ဖြစ်ကြောင်းသိရှိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားကို ဖမ်းဆီးထားတယ်လို့ ကနဦး သိရပါတယ်။

ပေါက်ကွဲမှု အခြေအနေနဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ ဝ’ အာဏာပိုင်တွေဘက်က ဒီကနေ့အထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးပါ။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *