THN Public Media Blog သတင်း နိုင်ငံတကာ သဘောမတူရင် အီရန် လူ့အဖွဲ့အစည်း တခုလုံး ဒီည ပျက်စီး သွားမယ်လို့ ထရမ့် အပြင်းထန်ဆုံး သတိပေးပြီ
နိုင်ငံတကာ

သဘောမတူရင် အီရန် လူ့အဖွဲ့အစည်း တခုလုံး ဒီည ပျက်စီး သွားမယ်လို့ ထရမ့် အပြင်းထန်ဆုံး သတိပေးပြီ

ဧပြီ ၇ – ၂၀၂၆

အီရန် အနေနဲ့ ဟော်မုဇ်ရေလက်ကြား ကို ပြန်ဖွင့် ပေးဖို့ သဘောမတူရင် “ဒီညမှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးသွားလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့် က သတိပေးလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူကိုယ်ပိုင် Truth Social လူမှု ကွန်ရက် မှာ “ဒီညမှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးသွားလိမ့်မယ်၊ ဘယ်တော့မှလည်း ပြန်ကုစားလို့ ရတော့မှာ မဟုတ်ဘူး” ဆိုပြီး ပြင်းထန် လှတဲ့ သတိပေးချက် တခုကို တင်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အမေရိကန် သမ္မတ သတ်မှတ်ထားတဲ့ အင်္ဂါနေ့ ည ၈ နာရီ မတိုင်ခင်မှာကိုပဲ “တော်လှန် အပြောင်းအလဲကြီး တခု ဖြစ်လာနိုင်သေးတယ်” လို့လည်း သူက ထည့်သွင်း ဖေါ်ပြခဲ့ပါတယ်။

“ကျွန်တော် အဲဒီလို မဖြစ်စေချင်ပါဘူး၊ ဒါပေမဲ့ ဖြစ်လာဖို့ကတော့ များနေပြီ။

ဒါပေမဲ့ အခု ကျွန်တော်တို့က အစိုးရ စနစ်တခုလုံးကို လုံးဝဥသုံ အမြစ်ပြတ် ပြောင်းလဲထားပြီ… ကွဲပြားခြားနားတဲ့၊ ပိုပြီး ကျနတဲ့၊ အစွန်းရောက်မှု ပိုနည်းတဲ့ သဘောထားတွေ ရထားပြီ… တော်လှန် ပြောင်းလဲမှု တခုလို အံ့ဩဖို့ ကောင်းတာမျိုး ဖြစ်လာနိုင်မလား၊ ဘယ်သူ သိမှာလဲ” လို့ ရေးသားထားပါတယ်။

“ကမ္ဘာ့သမိုင်းရဲ့ ရှည်လျားရှုပ်ထွေးတဲ့ အခိုက်အတန့်တွေထဲက အရေး အကြီးဆုံး အချိန်တခုကို ကျွန်တော်တို့ ဒီညမှာ သိရတော့မှာပါ။ ၄၇ နှစ် ကြာအောင် ဖြစ်ပွားခဲ့တဲ့ ခြိမ်းခြောက် ငွေညှစ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေနဲ့ သေဆုံးမှုတွေဟာ နောက်ဆုံးမှာတော့ အဆုံးသတ် သွားပါတော့မယ်။ အီရန်က မွန်မြတ်တဲ့ ပြည်သူတွေကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့လည်း သူက ဆိုထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version