THN Public Media Blog သတင်း နိုင်ငံတကာ သမ္မတထရမ့်ကို ချားလ်စ် ဘုရင်က ဝင်ဆာ ရဲတိုက်ဆီ မြင်းရထားနဲ့ ဖိတ်ခေါ်
နိုင်ငံတကာ

သမ္မတထရမ့်ကို ချားလ်စ် ဘုရင်က ဝင်ဆာ ရဲတိုက်ဆီ မြင်းရထားနဲ့ ဖိတ်ခေါ်

WINDSOR, ENGLAND - SEPTEMBER 17: King Charles III and U.S. President Donald Trump sit in a carriage during a procession through Windsor Castle during the state visit by the President of the United States of America on September 17, 2025 in Windsor, England. (Photo by Toby Melville - WPA Pool/Getty Images

စက်တင်ဘာ ၁၇ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ နိုင်ငံတော်အဆင့် ယူကေ ခရီးစဉ် ပထမ နေ့မှာ ချားလ်စ် ဘုရင် နဲ့ ဘုရင့်မိသားစု ကနေ ဝင်ဆာမြို့မှာ ခမ်းနားထည်ဝါစွာ ကြိုဆို ဧည့်ခံခဲ့ပါတယ်။
သမ္မတထရမ့် နဲ့ သမ္မတကတော် မယ်လနီယာ ထရမ့်တို့ ကို လှပတဲ့ ဝင်ဆာရဲတိုက် ဝင်းအတွင်း အလှဆင်ထားတဲ့ မြင်းရထား နဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သမ္မတထရမ့်ဟာ ချားလ်စ်ဘုရင်နဲ့ အတူ ရဲတိုက်ဝင်း အတွင်း မြက်ခင်းပြင်ပေါ်ရှိ စစ်သည်တွေကို စစ်ဆေးခဲ့ကြ ပါတယ်။
ဘုရင်နဲ့ သမ္မတထရမ့်တို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနေစဉ်မှာ တရားဝင် လက်ဆောင်တွေ ဖလှယ်ကြတဲ့ ရင်းနှီး ဖော်ရွေတဲ့ အခိုက်အတန့်ကိုလည်း တွေ့မြင်ရ ပါတယ်။
ဧည့်ခံပွဲဟာ ထူးခြားဆန်းသစ်သလို ခမ်းနားထည်ဝါမှုလည်း ရှိခဲ့ပြီး ဒါဟာ အကောင်းမြင်တဲ့ သဘော ပြသဖို့ ရည်ရွယ်တားပုံ ရပါတယ်။

ဂုဏ်ပြုတပ်ဖွဲ့အတွက် ကြည်းတပ်၊ တော်ဝင်ရေတပ်နဲ့ တော်ဝင် လေတပ် ကနေ စစ်မှုထမ်း ၁၃၀၀ ပါဝင် ခဲ့ရာ ယူကေမှာ နိုင်ငံတော်ခရီးစဉ် အတွက် စီစဉ်ခဲ့ဖူးသမျှ အကြီးမားဆုံးသော ဂုဏ်ပြု တပ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။

အခုလို စီစဥ်တာဟာ ယူကေ အစိုးရက အမေရိကန်ကို နေတိုး ကတိကဝတ် ထိန်းသိမ်းဖို့နဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ တိုက်တွန်း လိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

photo: Getty
—————————
THN Public Media

WINDSOR, ENGLAND – SEPTEMBER 17: King Charles III and U.S. President Donald Trump in the Irish State Coach during the State visit by the President of the United States of America at Windsor Castle on September 17, 2025 in Windsor, England. (Photo by Chris Jackson/Getty Images)

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version