THN Public Media Blog သတင်း နိုင်ငံတကာ သမ္မတ ရှီ က သမ္မတ ထရမ့်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ နဲ့ တည်ခင်းဧည့်ခံ
နိုင်ငံတကာ

သမ္မတ ရှီ က သမ္မတ ထရမ့်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ နဲ့ တည်ခင်းဧည့်ခံ

The table setting for US President Donald Trump is seen ahead of a state banquet with China's President Xi Jinping at the Great Hall of the People in Beijing on May 14, 2026. (Photo by Brendan SMIALOWSKI / AFP via Getty Images

မေလ ၁၄ – ၂၀၂၆

နှစ်နိုင်ငံ ခေါင်းဆောင် ထိပ်သီးအစည်းအဝေး အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို သမ္မတ ရှီကျင်ပင်း က ဒီကနေ့ညမှာ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ နဲ့ တည်ခင်းဧည့်ခံ ခဲ့ပါတယ်။

ညစာစားပွဲ စားဖွယ်စာရင်း (State Banquet menu)

——————-

ပုစွန်ထုပ်ကြီး နဲ့ ခရမ်းချဥ်သီးစွပ် (Lobster in tomato soup)

အမဲနံရိုးကြွပ် (Crispy beef ribs)

ပေကျင်းဘဲကင် (Beijing roast duck)

ရာသီပေါ် ဟင်းသီးဟင်းရွက်ပေါင်း (Stewed seasonal vegetables)

ဆယ်လ်မွန်ငါး နဲ့ မုန်ညင်းဆော့ (Slow-cooked salmon in mustard sauce)

ဝက်သားပေါက်စီကြော် (Pan-fried pork bun)

အချိုပွဲ (Dessert)

——————

ခရုပတ်ပုံစံ မုန့်အချို (Trumpet shell-shaped pastry)

Tiramisu အီတလီကိတ်

သစ်သီးစုံနဲ့ ရေခဲမုန့် (Fruits and ice cream)

—————————

#သမ္မတရှီ ရဲ့ ညစာစားပွဲ ဂုဏ်ပြုစကား

————–

တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ကမ္ဘာမှာ အရေးအကြီးဆုံး နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်တယ်လို့ ရှီကျင်ပင်းက ပြောကြားပါတယ်။

ဒီနှစ်နိုင်ငံဆက်ဆံရေးဟာ လူဦးရေ ၁.၇ ဘီလီယံရှိတဲ့ နိုင်ငံနှစ်ခုရဲ့ သာယာ ဝပြောရေးတင် မကဘဲ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၈ ဘီလီယံကျော်ရဲ့ အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေတယ်လို့ သူက ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတဟာ နိုင်ငံနှစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ်အတွက် ဂုဏ်ပြုဆုတောင်းစကား ပြောရင်း သူ့ရဲ့ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။

“Cheers” လို့ သူက ပြောကြားရင်း ဖန်ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်ပါတယ်။

—————

#သမ္မတ ထရမ့်ရဲ့ ဂုဏ်ပြုစကား

—————————

သမ္မတထရမ့်က သူဟာ “တခြား ဘယ်သူနဲ့မှမတူတဲ့ ခမ်းနားထည်ဝါတဲ့ ကြိုဆိုမှုကို” ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ အစောပိုင်းမှာ သူနဲ့ ရှီကျင်ကျင်း တို့ဟာ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး၊ ကိစ္စရပ် တော်တော်များများကို ဆွေးနွေးနိုင်ဖို့အတွက် “အလွန်တန်ဖိုးရှိတဲ့” အခွင့်အရေးကို ရရှိခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“ခင်ဗျားနဲ့အတူ ရှိနေရတာဟာ ကြီးမြတ်စွာ ဂုဏ်ယူပါတယ်” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

—————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version