အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် သုံးဦး သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
မနေ့ ည ၈ နာရီလောက် သံတွဲမြို့နယ် လင်းသာ ရပ်ကွက်ကို လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ သုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိကာ၊ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
“ထိခိုက် ဒဏ်ရာရတာက ၁၂ ဦးထဲမှာ ပြင်းထန် ဒဏ်ရာရတာက ခုနှစ်ဦးနဲ့ အ သေးစား ဒဏ်ရာရတာ လေးယောက်။ စိုးရိမ်ရတာက တဦးနဲ့ဆို စုစုပေါင်း ၁၂ ဦး။ ပွဲချင်းပြီး သေဆုံးတာက သုံးဦးရှိတယ်။ မီးလောင်တဲ့ အိမ်ကလည်း ၁၂ လုံးပါသွားတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း၊ သံတွဲမြို့နယ်၊ ရွာရှည်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့လို့ စစ်ရှောင်ဘေးရှောင် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
crd – ယနေ့ခေတ်
—————————
THN Public Media
