THN Public Media Blog သတင်း နိုင်ငံတကာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး နှိမ်နင်းမယ်လို့ အီရန်ရဲချုပ် သတိပေး
နိုင်ငံတကာ

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး နှိမ်နင်းမယ်လို့ အီရန်ရဲချုပ် သတိပေး

Iranian police chief General Ahmad-Reza Radan attends a military parade marking the country's annual army day in the capital Tehran on April 18, 2023. (Photo by ATTA KENARE / AFP) (Photo by ATTA KENARE/AFP via Getty Images

မတ်လ ၁၁ – ၂၀၂၆

အီရန်ရဲချုပ် Ahmadreza Radan က ရန်သူ့တိုက်တွန်းချက် အရ လမ်းပေါ် ထွက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြမယ့် အီရန်ပြည်သူတွေကို ရန်သူ အဖြစ် သတ်မှတ်ပြီး နှိမ်နင်း သွားမယ်လို့ သတိပေးလိုက်ပါတယ်။

“တကယ်လို့ တစုံတယောက်ဟာ ရန်သူ့ တိုက်တွန်းချက်နဲ့ ဆန္ဒပြမယ် ဆိုရင် ကျွန်တော်တို့က သူတို့ကို ဆန္ဒပြသူလို့ မသတ်မှတ်ပါဘူး။ သူတို့ကို ရန်သူ တယောက်လိုပဲ သဘောထားမှာဖြစ်ပြီး ရန်သူကို နှိမ်နင်း သလိုမျိုးပဲ တုံ့ပြန် ဆောင်ရွက်သွားမှာပါ” လို့ Radan က နိုင်ငံပို င်ရုပ်သံ ကနေ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်အားလုံးဟာလည်း ကာကွယ်ဖို့ အတွက် လက်နက်ကိုယ်စီနဲ့ အသင့်ပြင်ထားကြပြီးပြီ” လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဒီသတိပေးချက်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က မတ်လ ၈ ရက်နေ့မှာ အီရန်ပြည်သူတွေ အနေနဲ့ လက်ရှိအစိုးရကို တော်လှန်ကြဖို့ တိုက်တွန်းတဲ့ သတင်း စကား ပေးပို့ခဲ့ပြီး နောက်မှာ ထွက်ပေါ်လာတာပါ။

နေတန်ယာဟု အပါအဝင် အစ္စရေး အရာရှိတွေက အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာဖို့ မျှော်လင့်ကြောင်း လူသိရှင်ကြား ပြောဆိုထားကြပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်း ကတည်းက တနိုင်ငံလုံး အတိုင်း အတာနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လှိုင်းလုံးလို ပေါ်ပေါက် ခဲ့ပြီး၊ အစ္စလာမ္မစ် သမ္မတနိုင်ငံ သမိုင်းတလျှောက် အဆိုးရွား ဆုံး နှိမ်နင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများ သတင်းအေဂျင်စီ Hrana ရဲ့ အဆိုအရ အဲဒီဆန္ဒပြပွဲတွေ အတွင်း အနည်းဆုံး လူပေါင်း ၇၀၀၀ လောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version