THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်က အီရန် စစ်ပွဲမှာ အနိုင်ရရှိနေပြီး နောက်ထပ် ထိုးစစ်လှိုင်း တွေ လာမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား
နိုင်ငံတကာ

အမေရိကန်က အီရန် စစ်ပွဲမှာ အနိုင်ရရှိနေပြီး နောက်ထပ် ထိုးစစ်လှိုင်း တွေ လာမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

ARLINGTON, VIRGINIA - MARCH 02: U.S. Secretary of War Pete Hegseth speaks during a news conference at the Pentagon on March 2, 2026 in Arlington, Virginia. Secretary Hegseth and Chairman of the Joint Chiefs of Staff General Dan Caine held the news conference to give an update on Operation Epic Fury. (Photo by Alex Wong/Getty Images

မတ်လ ၄ – ၂၀၂၆

အမေရိကန် ကာကွယ်ရေးဝန်ကြီး စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ Pete Hegseth က အိန္ဒိယသမုဒ္ဒရာမှာ အီရန်စစ်သင်္ဘောတစ်စီး ကို အမေရိကန် တပ်ကနေ တော်ပီဒိုနဲ့ ပစ်ခတ် နှစ်မြှုပ်လိုက်တယ်လို့ ပြောကြားလိုက် ပါတယ်။

ဂျီးနီးယားပြည်နယ် ပန်တဂွန် စစ်ဌာနချုပ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး အီရန်အစိုးရဟာ ‘’ပျက်သွားပါပြီ’’ ‘’အမေရိကန်ဟာ ပြတ်ပြတ် သားသား ချေမှုန်းပြီး အနိုင်ရနေတယ်’’ လို့ ပြောကြားသွားပါတယ်။

“နောက်ထပ် ပိုမိုကြီးမားတဲ့ ထိုးစစ်လှိုင်းတွေ လာတော့မယ်” လို့ လည်း နောက်ထပ် စစ်ရေး အရေးယူမှုတွေ ချက်ချင်းလာတော့မှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဒါ့အပြင် အီရန်ဟာ ဒေါ်နယ်ထရမ့်ကို “သတ်ဖို့” ကြိုးစားခဲ့တယ်လို့ Pete Hegseth ကပြောလိုက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တဲ့ အီရန်ရဲ့ ခေါင်းဆောင် ကို အမေရိကန်က ခြေရာခံပြီး သတ်ပစ်ခဲ့တယ် လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ စစ်ဆင်ရေး စတာ လေးရက်ပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ ထရမ့် ပြောထားသလိုပဲ ဒီစစ်ဆင်ရေးကြီး အောင်မြင်ဖို့အတွက် ကျွန်တော်တို့ လိုအပ်သလောက် အချိန်ယူသွားမှာပါ” လို့ သူက ဆိုပါတယ်။

အီရန်နိုင်ငံ မိနပ်မြို့က မိန်းကလေးကျောင်း ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့၊ အမေရိကန်ဟာ “စုံစမ်းစစ်ဆေးနေပါတယ်” လို့ Pete Hegseth က ဖြေကြားခဲ့ပြီး ဘယ်နိုင်ငံရဲ့ လက်နက်က ဒီကျောင်းကို ထိမှန် ခဲ့တာလဲ ဆိုတဲ့ ထောက်လှမ်းရေး သတင်းနဲ့ ပတ်သက်လို့တော့ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version