THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်တပ်တွေ ဘင်္ဂလားဒေ့ရှ် ရောက်ရှိမှု နဲ့ အိန္ဒိယ မြန်မာ ပထဝီနိုင်ငံရေး မုန်တိုင်း
နိုင်ငံတကာ နိုင်ငံရေး ပြည်တွင်း

အမေရိကန်တပ်တွေ ဘင်္ဂလားဒေ့ရှ် ရောက်ရှိမှု နဲ့ အိန္ဒိယ မြန်မာ ပထဝီနိုင်ငံရေး မုန်တိုင်း

အမေရိကန်တပ်တွေ ဘင်္ဂလားဒေ့ရှ် ရောက်ရှိမှု နဲ့ အိန္ဒိယ မြန်မာ ပထဝီနိုင်ငံရေး မုန်တိုင်း
စက်တင်ဘာ ၁၆ – ၂၀၂၅
‘’ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနီး ဘင်္ဂလားပင်လယ် အော် ဒေသမှာ ပြင်ပအင်အားကြီးနိုင်ငံတွေ ပိုမိုပါဝင်လာတာနဲ့ ဆက်စပ်နေပုံရကြောင်း ဖေါ်ပြထားပါတယ်။’’
နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မူဟာမတ် ယူနွတ်စ် ဒါကာမှာ အာဏာရပြီး နောက် အမေရိကန်စစ်တပ် ကနေ ထောက်လှမ်းရေး ခရီးစဉ်တွေက စလို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ အထိ စစ်တကောင်းဒေသမှာ မကြာခဏ ဆိုသလို ဝင်ရောက်တာတွေ ရှိခဲ့ပါတယ်။
The Economic Times ရဲ့ သတင်း ဖော်ပြချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ မဟာဗျူဟာမြောက် စစ်တကောင်း ဒေသမှာ အမေရိကန်စစ်တပ် အင်အား ဖြည့်တင်းမှုဟာ အိန္ဒိယနဲ့ မြန်မာကို စိုးရိမ် တုန်လှုပ် စေခဲ့ပြီး ကျွမ်းကျင်သူတွေက ဒေသတွင်း လုံခြုံရေးဆိုင်ရာ သက်ရောက်မှုတွေ ကို ဖြစ်ပေါ် လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံရှိ အမေရိကန်လေတပ် Yokota စခန်းမှာ အခြေစိုက်တဲ့ C-130J Super Hercules တိုက်ခိုက်ရေး သယ်ယူပို့ဆောင်ရေး လေယာဉ် တစင်းဟာ မကြာသေးမီက စစ်တကောင်းရှိ Shah Amanat အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ဆင်းသက်ခဲ့ကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီလေယာဉ်ရောက်ရှိမှုဟာ အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနီး ဘင်္ဂလားပင်လယ်အော် ဒေသမှာ ပြင်ပ အင်အားကြီး နိုင်ငံတွေ ပိုမို ပါဝင်လာခြင်းနဲ့ ဆက်စပ်နေပုံရကြောင်း ပြောကြားပါတယ်။
ဝါရှင်တန်နဲ့ ဘေကျင်း နှစ်နိုင်ငံစလုံး ဟာ မြန်မာ့တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေကြောင်းလည်း အဆိုပါ သတင်းက ဆိုပါတယ်။
အခုနှစ် အစောပိုင်း ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန် တို့ဟာ အဆိုပါ ဒေသ မှာ Operation Pacific Angel-25 နဲ့ Tiger Lightning-2025 လို့ အမည် ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်က အမေရိကန် စစ်သား အင်အား တစု ဟာ အဲဒီဒေသကို ရောက်ရှိလာပြီးနောက် နောက်ထပ် ပူးတွဲလေ့ကျင့်ရေး မစ်ရှင် တခု စီစဉ် ထားကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။
ပြီးခဲ့တဲ့လ ကတော့ အမေရိကန် အထူးတပ်ဖွဲ့ဝင် (လေကြောင်း) အရာရှိ တဦး ဒါကာရှိ ဇိမ်ခံဟိုတယ်တခုမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာ ကြောင့် သတ်မှတ်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှု တွေထက် ကျော်လွန်တဲ့ အမေရိကန်ရဲ့ ခြေလှမ်းကျယ်လာမှု အပေါ် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင် တပ်ဖွဲ့တွေ အတွင်း စိတ်မချမ်းမြေ့မှုတွေ ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ ကို ရာထူး ဖယ်ရှားရေး အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ဝါရှင်တန် ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေကိုလည်း ပြန်လည်အမှတ်ရစေခဲ့တယ်လို့ The Economic Times က ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိတဲ့ စိန့်မာတင်ကျွန်းကို အတွက် အမေရိကန်ကို ပေးဖို့ ရှိက်ဟာဆီနာက ငြင်းဆိုခဲ့တာကြောင့် သူမကို ရာထူး ကနေ ဖယ်ရှားဖို့ အမေရိကန်က တွန်းအား ပေးခဲ့တာလို့ ဟာဆီနာက စွပ်စွဲခဲ့ပါတယ်။
—————————
THN Public Media
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version