THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်နဲ့ အီရန် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရပြီ၊ ‘’ရေနံတွေပေးသွားလိုက်တော့’’ လို့ ထရမ့်ပြော
နိုင်ငံတကာ

အမေရိကန်နဲ့ အီရန် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရပြီ၊ ‘’ရေနံတွေပေးသွားလိုက်တော့’’ လို့ ထရမ့်ပြော

US President Donald Trump speaks during a proclamation signing in the Oval Office of the White House in Washington, DC, US, on Thursday, June 11, 2026. Trump pulled back threatened military strikes against Iran, a stark reversal that came just hours after he vowed to hit the Islamic Republic "VERY HARD" and threatened to seize its oil infrastructure. Photographer: Jim Lo Scalzo/EPA/Bloomberg via Getty Image

ဇွန် ၁၅ – ၂၀၂၆

အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား လက်ဘနွန်နိုင်ငံ အပါအဝင် “စစ်မျက်နှာ အားလုံးမှာ စစ်ရေးအရ တိုက်ခိုက်နေမှုတွေကို အဆုံးသတ်စေမယ့်” ငြိမ်းချမ်းရေး သဘောတူညီချက်တခု ရရှိသွားပြီဖြစ်ကြောင်း ကြားဝင် စေ့စပ်ပေးခဲ့တဲ့ ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဒီသဘောတူညီချက်ကို လာမယ့် သောကြာနေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် က ထပ်လောင်းပြောဆိုထားပြီး သဘောတူညီချက် ထဲမှာ ဘယ်လိုအချက်အလက်တွေ ပါဝင်လဲ၊ ဘာတွေ ချန်လှပ်ထားလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ လက်ရှိမှာ တဖြည်းဖြည်း ချင်း ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ လာမယ့် သောကြာနေ့မှာ လက်မှတ် ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် “ရေနံတွေ လွတ်လွတ်လပ်လပ် ပြန်လည် စီးဆင်းတော့မှာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး ဒီသတင်း ထွက်ပေါ် လာပြီး ကတည်းက ကမ္ဘာ့ရေနံစျေးနှုန်းတွေဟာ ပြန်လည် ကျဆင်းသွားခဲ့ ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလည်း သဘောတူညီချက် အပြီးသတ် ရရှိသွားပြီဖြစ်ကြောင်း နိုင်ငံပိုင်ရုပ် သံလိုင်းကနေ အတည်ပြု ပေးခဲ့ပြီး အီရန်ရဲ့ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်ပိုင်း ကတော့ ဒါဟာ အီရန်အစိုးရ အတွက် အောင်ပွဲတခုဖြစ်တယ်လို့ ပုံဖော် ပြောဆိုနေကြ ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေ အတွင်း အပစ်အခတ် ရပ်စဲရေး နှစ်ကြိမ် တိုင်တိုင် ပျက်ပြားခဲ့ဖူးတဲ့ လက်ဘနွန် နိုင်ငံ အတွက်တော့ အခု သဘောတူညီချက်က တကယ့်သက်သာရာရမှုမျိုး ပေးနိုင် မလားဆိုတာ မရေမရာ ဖြစ်နေဆဲပဲလို့ သတင်းထောက်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ ကနေ အီရန် တဝန်းလုံးကို စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကနေ စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပြီး အီရန်ဘက်ကလည်း အစ္စရေးနဲ့ ပင်လယ်ကွေ့ ဒေသက အမေရိကန် မဟာမိတ်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့သလို၊ ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အတွက် အဓိက ကျတဲ့ ဟော်မုဇ် ရေလက်ကြား ကိုပါ ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version