THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Greenland ကျွန်းကို ယူဖို့အတွက် စစ်တပ်အသုံးပြုတာ အပါအဝင် နည်းလမ်းမျိုးစုံကို ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော် ပြောကြား
နိုင်ငံတကာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Greenland ကျွန်းကို ယူဖို့အတွက် စစ်တပ်အသုံးပြုတာ အပါအဝင် နည်းလမ်းမျိုးစုံကို ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော် ပြောကြား

ဇန်နဝါရီ ၇ – ၂၀၂၆

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင် ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Greenland ကို သိမ်းယူဖို့ ကိစ္စဟာ အမျိုးသား လုံခြုံရေး အတွက် ဦးစားပေးလုပ်ငန်း ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အာတိတ်ကျွန်းစု အပေါ် ထရမ့်ရဲ့ ရည်မှန်းချက်တွေကို ဆန့်ကျင်တဲ့ ဒိန်းမတ် နိုင်ငံဘက် ကနေ ရပ်တည်ကြောင်း ဥရောပခေါင်းဆောင်တွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး နာရီပိုင်း အကြာမှာပဲ အိမ်ဖြူတော်ရဲ့ အခုလို ထုတ်ပြန်ချက် ထွက်လာတာပါ။

လုံခြုံရေး အကြောင်းပြချက် တွေကြောင့် အမေရိကန်ဟာ Greenland ကို လိုအပ်တယ်လို့ ထရမ့်က ပြီးခဲ့တဲ့ သီတင်ပတ်ကုန်တွေမှာ ထပ်ခါတလဲလဲ ပြောခဲ့တာကြောင့် ဒိန်းမတ် ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန် ဘက်ကသာ တိုက်ခိုက်လာရင် နေတိုးအဖွဲ့ ပျက်သွား လိမ့်မယ် လို့ သတိပေးခဲ့ ပါတယ်။

သမ္မတ ထရမ့်နဲ့ သူ့အဖွဲ့ဟာ ဒီအရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒ ပန်းတိုင်ကို ရောက်ဖို့ နည်းလမ်းမျိုးစုံ ဆွေးနွေးနေပြီး စစ်သေနာပတိချုပ် ဖြစ်တဲ့ သမ္မတ အနေနဲ့ အမေရိကန် စစ်တပ်ကို အသုံးပြုဖို့ ကတော့ အမြဲတမ်း ရွေးချယ်စရာ တခုအဖြစ် ရှိနေတယ်လို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောပါတယ်။

နေတိုးဆိုတာ ကတော့ အဖွဲ့ဝင်နိုင်ငံတွေကို တခြားနိုင်ငံတွေက တိုက်ခိုက် ခဲ့ရင် တနိုင်ငံကို တနိုင်ငံ အပြန်အလှန် ကူညီရမယ့် အတ္တလန္တိတ် ဖြတ်ကျော် စစ်ရေး အုပ်စု ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း အစိုးရအနေနဲ့ Greenland ကို ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ လွှတ်တော်လျှို့ဝှက် အစည်းအဝေးမှာ ပြောခဲ့ပေမဲ့ ဒိန်းမတ်ဆီ ကနေ ကျွန်းကို ဝယ်ယူဖို့ အကြောင်းကိုတော့ ထည့်သွင်းပြောဆို ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အမေရိကန်ဟာ အမေရိကန် နိုင်ငံသားတွေနဲ့ Greenland ပြည်သူတွေ အတွက် အကျိုးရှိမယ့် ရေရှည်စီးပွားရေး ဆက်ဆံမှု တည်ဆောက်ဖို့ စိတ်အား ထက်သန်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောပါတယ်။

ကျွန်တော်တို့ရဲ့ ဘုံရန်သူတွေဟာ အာတိတ်ဒေသမှာ ပိုပြီး လှုပ်ရှား လာနေတာ ကြောင့် ဒါဟာ အမေရိကန်၊ ဒိန်းမတ်နဲ့ နေတိုး မဟာမိတ်တွေ အားလုံး စိုးရိမ်ရတဲ့ကိစ္စဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

Greenland နဲ့ ဒိန်းမတ်အစိုးရ ကတော့ အမေရိကန်ရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရူဘီယိုနဲ့ အမြန်ဆုံးတွေ့ဆုံဖို့ တောင်းဆိုထား ပါတယ်။

ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကတော့ အမေရိကန်ရဲ့ ထိပ်တန်း သံတမန်နဲ့ စကားပြောလိုက်ရင် အထင်အမြင်လွဲမှားမှုတချို့ ပြေလည် သွားလိမ့်မယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့မှာပဲ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ် ခေါင်းဆောင်တွေက Greenland ဟာ သူ့ ပြည်သူတွေနဲ့ပဲ ဆိုင်ပြီး ဒိန်းမတ်နဲ့ Greenland တို့ကသာ သူတို့ ဆက်ဆံရေးကို ဆုံးဖြတ် နိုင်တယ် လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာတိတ် လုံခြုံရေးကို အမေရိကန်လိုပဲ သူတို့လည်း စိတ်ဝင်စားပေမယ့် ဒါကို အမေရိကန် အပါအဝင် နေတိုး မဟာမိတ်တွေ စုပေါင်းပြီး လုပ်ဆောင် ရမယ်လို့ ဥရောပနိုင်ငံတွေက အလေးပေး ပြောကြားပါတယ်။

ဒါ့အပြင် အချုပ်အခြာ အာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နယ်နိမိတ် တွေကို မကျူးကျော်ရ ဆိုတဲ့ ကုလသမဂ္ဂ ပဋိညာဉ် မူဝါဒတွေကို ထိန်းသိမ်း ဖို့လည်း သူတို့က တောင်းဆိုခဲ့ပါတယ်။

Greenland ဝန်ကြီးချုပ် Jens-Frederik Nielsen က ဒီကြေညာချက်ကို ကြိုဆို လိုက်ပြီး အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့ တိုက်တွန်းခဲ့ ပါတယ်။

Greenland ရဲ့ အဆင့်အတန်းဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှု မူဝါဒတွေ အပေါ်မှာ အခြေခံထားတယ်ဆိုတဲ့ အချက်ကို လေးစားဖို့ လိုတယ်လို့ Nielsen က ပြောပါတယ်။

ဗင်နီဇွဲလား သမ္မတ မာဒူရို ကို အမေရိကန် အထူးတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးပြီး နယူးယောက်ကို ခေါ်သွားတဲ့ ဖြစ်စဉ်အပြီးမှာ Greenland အရေးဟာ ပြန်ပြီး အရှိန်တက်လာတာ ဖြစ်ပါတယ်။

အဲဒီ စစ်ဆင်ရေးအပြီး နောက်တရက်မှာပဲ ထရမ့်ရဲ့ လက်ထောက်တဦးရဲ့ ဇနီးဖြစ်သူ Katie Miller က Greenland ကျွန်းပုံပေါ်မှာ အမေရိကန်အလံ အရောင်တွေခြယ်ပြီး “မကြာမီ” ဆိုတဲ့ စာသားနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့ ပါတယ်။

တနင်္လာနေ့မှာတော့ သူမရဲ့ ခင်ပွန်း Stephen Miller က Greenland ဟာ အမေရိကန် ရဲ့ အစိတ်အပိုင်း ဖြစ်သင့်တယ်ဆိုတာ အစိုးရရဲ့ တရားဝင် ရပ်တည်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Greenland ကို သိမ်းယူဖို့ အတွက် အင်အားသုံးမှာလားလို့ CNN က အကြိမ်ကြိမ် မေးမြန်းတဲ့အခါမှာတော့ ” Greenland ရဲ့ အနာဂတ်အတွက် အမေရိကန်ကို ဘယ်သူမှ တိုက်မှာ မဟုတ်ဘူး” လို့ Miller က ပြန်ဖြေခဲ့ ပါတယ်။

လူဦးရေ ၅၇၀၀၀ ရှိတဲ့ Miller ဟာ ၁၉၇၉ ခုနှစ်ကတည်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတာဖြစ်ပေမဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကိုတော့ ဒိန်းမတ်ကပဲ ကိုင်တွယ်ထားပါတယ်။

Miller သား အများစုဟာ ဒိန်းမတ်ဆီ ကနေ လွတ်လပ်ရေး ရချင်ကြပေမဲ့ အမေရိကန်ရဲ့ အစိတ်အပိုင်း ဖြစ်လာဖို့ကိုတော့ အပြင်းအထန် ကန့်ကွက် နေကြတယ်လို့ စစ်တမ်းတွေမှာ တွေ့ရပါတယ်။

“လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်က ဒိန်းမတ်နဲ့ Miller ကို လှောင်ပြောင်ပြီး ကျွန်တော်တို့ကို ပစ္စည်းတခုလို သိမ်းပိုက်ဖို့ ပြောနေ တာဟာ ကြောက်စရာကောင်းတယ်” လို့ ဒေသခံ Ilulissat လူမျိုး Morgan Angaju က ပြောပါတယ်။

Greenland ဝန်ကြီးချုပ်ဟာလည်း မာဒူရိုလိုပဲ အဖမ်းခံရမလား၊ ဒါမှမဟုတ် အမေရိကန်က သူတို့နိုင်ငံကို ကျူးကျော် မလားဆိုပြီး စိုးရိမ်နေကြ ပါတယ်။

အမေရိကန်ရဲ့ ရွေးချယ်စရာတွေ ထဲမှာ Greenland ကို တိုက်ရိုက် ဝယ်ယူတာ ဒါမှမဟုတ် လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Compact of Free Association) လုပ်တာတွေ ပါဝင် တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် Eric Schmitt ကလည်း အမေရိကန် အင်အားတောင့်တင်းတာဟာ အနောက်တိုင်း ယဉ်ကျေးမှု အတွက် ကောင်းပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမ သက်တမ်း ၂၀၁၉ ခုနှစ် ကတည်းက Greenland ကို ဝယ်ဖို့ စိတ်ကူးရှိခဲ့ပြီး “ဒါဟာ အခြေခံအားဖြင့် အိမ်ခြံမြေ အရောင်း အဝယ် ကိစ္စကြီးတခုပါပဲ” လို့ ပြောခဲ့ဖူးပါတယ်။

ရေခဲတွေ အရည်ပျော်လာတာနဲ့ အမျှ ကုန်သွယ်ရေး လမ်းကြောင်း သစ်တွေ ဖြစ်လာနိုင်ပြီး အဖိုးတန် သတ္တုတွေလည်း ထွက်တာကြောင့် Greenland အပေါ် ရုရှားနဲ့ တရုတ်တို့ ကလည်း စိတ်ဝင်စားမှု တိုးလာ နေပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ ထရမ့်က အဲဒီနယ်မြေကို ထိန်းချုပ်နိုင်ဖို့ “သွားသင့်သလောက် အထိ သွားမယ်” လို့ ပြောခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း လိုအပ်ရင် Greenland ကို အင်အားသုံး သိမ်းဖို့ အစီအစဉ် ရှိသလားလို့ မေးမြန်းခံရတဲ့အခါ “ဘယ်လို အခြေအနေမျိုး အတွက်မဆို အစီအစဉ်တွေ ရှိထားပြီးသားပါ” လို့ ဖြေကြားခဲ့ ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version