နိုင်ငံတကာ

အမေရိကန် နဲ့ ဥရောပ ဆက်ဆံရေး ထိခိုက်မှု ရှိပေမယ့် ချစ်ကြည်ရင်နှီးမှု ရှိနေဆဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ဂျာမနီနိုင်ငံ မြူးနစ်မြို့ ကမ္ဘာ့လုံခြုံရေးညီလာခံမှာ မိန့်ခွန်းပြောကြား

MUNICH, GERMANY – FEBRUARY 14: U.S. Secretary of State Marco Rubio delivers a key note speech at the 62nd Munich Security Conference on February 14, 2026 in Munich, Germany. The conference, which brings together government leaders, security experts and defence ministers, is taking place at a time when the traditional western political and military alliance is facing rupture due to the policies of U.S. President Donald Trump. (Photo by Johannes Simon/Getty Images

ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၆

ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရွန်၊ ဂျာမနီဝန်ကြီးချုပ် Friedrich Merz နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် တွေဟာ ဥရောပရဲ့ အကြီးဆုံး လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ညီလာခံ အတွက် ဂျာမနီ နိုင်ငံ မြူးနစ်မြို့ကို စုရုံးရောက်ရှိနေကြပါတယ်။

လူတိုင်း စိတ်ထဲမှာ အပူတပြင်း သိလိုတဲ့ မေးခွန်းက အမေရိကန် ဟာ ဥရောပရဲ့ မဟာမိတ်အဖြစ် ဆက်လက် တည်ရှိနေဆဲလား ဆိုတာ ဖြစ်ပါတယ်။

လူတိုင်း စောင့်မျှော်နေကြတဲ့ အဓိကမိန့်ခွန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုရဲ့ မိန့်ခွန်း ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ရဲ့ မိန့်ခွန်းလို ဥရောပ အပေါ် တိုက်ခိုက်ပြောဆိုမှုတွေ ထပ်မံလုပ်ဆောင်လေမလား ဒါမှမဟုတ် ပြေလည်အောင် ပြောဆိုမလား ဆိုတာ ညီလာခံ တက်ရောက်လာတဲ့ ခေါင်းဆောင်တိုင်းက သိလိုနေကြပါတယ်။

ခန်းမထဲမှာ လူတွေ ပြည့်လျှံနေပါတယ်။ ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်တွေ နဲ့ ရေတပ်ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ နဲ့ သမ္မတတွေ၊ သံတမန်တွေ၊ သံအမတ်တွေ၊ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေ၊ ဥရောပ နိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ အထူးအကြံပေးတွေ အားလုံးက သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ထိပ်တန်းသံတမန် ရူဘီယို ဘာပြောမလဲ ဆိုတာကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပါတယ်။

လက်ခုပ်သံတွေက ချက်ချင်း ထွက်ပေါ်မလာခဲ့ပါ။ အမှန်စင်စစ် ရူဘီယို မိန့်ခွန်း စပြောတဲ့ ပထမ မိနစ်အနည်းငယ်မှာပင် ဥရောပကို တိုက်ခိုက်တဲ့ စကားလုံးတွေ ထပ်မံထွက်ပေါ်လာ သလို အနေအထားမျိုးဖြစ်ပါတယ်။

လွတ်လပ်စွာ ကုန်သွယ်မှု၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှု၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိမ်းရောင်မူဝါဒတွေ နဲ့ ပတ်သက်ပြီး မစ္စတာ ရူဘီယိုက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အမေရိကန် စီးပွားရေးကို ထိခိုက်စေတဲ့ ရာသီဥတုဆိုင်ရာ အယူသည်း နေတာကို သူက ထည့်သွင်းပြောကြားခဲ့ပြီး၊ ဂါဇာနဲ့ ယူကရိန်း ပဋိပက္ခ တွေကို ဖြေရှင်းဖို့ ပျက်ကွက်တဲ့ ကုလသမဂ္ဂ ကိုလည်း ပြင်းပြင်းထန်ထန် အပြစ်တင် ပြောကြားသွားပါတယ်။

အဲဒီနောက် ခန်းမထဲက လူတိုင်း ကြားချင်နေတဲ့ စကားကို ပြောကြားရာမှာ “ကျွန်တော်တို့ရဲ့ ကံကြမ္မာဟာ (ဥရောပဖြစ်တဲ့) ခင်ဗျားတို့ရဲ့ ကံကြမ္မာနဲ့ ခွဲခြားမရအောင် အမြဲတမ်း ပတ်သက်ဆက်စပ် နေမှာပါ” လို့ ပြောသွား ပါတယ်။

“အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော်တဲ့ ခေတ် အဆုံးသတ်သွားဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ ပန်းတိုင် မဟုတ်သလို ဆန္ဒလည်း မဟုတ်ပါဘူး… ကျွန်တော်တို့ ဟာ အမြဲတမ်း ဥရောပရဲ့ သားသမီးတွေ ဖြစ်နေမှာပါ” လို့ သူက ဆက်ပြောကြားသွားပါတယ်။

ဒါပေမယ့်လည်း မိန့်ခွန်း နောက်ဆုံးပိုင်း မှာတော့ ထိခိုက်စေတဲ့ စကားလုံး တွေ ပါဝင်လာခဲ့ ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ကျဆင်းလာမှုကို အမေရိကန်က လိုက်လံ စောင့်ရှောက် ပေးနေမယ့် အုပ်ထိန်းသူတွေ ဖြစ်ရဖို့ ကိုတော့ ကျွန်တော်တို့ အနေနဲ့ စိတ်မဝင်စားပါဘူး” လို့ပြောကြားသွားခဲ့ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *