မတ်လ ၁၃ – ၂၀၂၆
အီရတ်နိုင်ငံမှာ အမေရိကန် လောစာဆီဖြည့်တဲ့ စစ်လေယာဉ်တစင်း ပျက်ကျခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုလိုက်ပါတယ်။
လေယာဉ်နှစ်စင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှု ကြောင့် KC-135 အမျိုး အစား လောင်စာဖြည့် လေယာဉ်တစင်း ပျက်ကျသွားခဲ့တာ ဖြစ်ပြီး၊ ဒါဟာ ရန်သူ တိုက်ခိုက်တာ ဒါမှမဟုတ် မှားပစ်မိတာမျိုး မဟုတ်ဘူးလို့ သိရ ပါတယ်။
မတော်တဆ ဖြစ်မှုမှာ ဒုတိယ လေယာဉ်ကတော့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပျက်ကျသွားတဲ့ လေယာဥ်အတွက် အီရတ် အနောက်ပိုင်းက မဟာမိတ် ဝေဟင်ပိုင်နက် အတွင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက် လုပ်ဆောင်နေတယ် လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
လေယာဉ်ပေါ်မှာ လူဘယ် နှစ်ယောက် ပါသွားလဲ နဲ့ ထိခိုက်သေဆုံးသူ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါ။
ဘယ်လို မတော်တဆ ဖြစ်ပြီး လေယာဉ် ပျက်ကျခဲ့တာလဲ ဆိုတာကိုလည်း မသိရသေးပါ။
ဒါပေမယ့် ဖြစ်နိုင်ခြေ တခုကတော့ ဝေဟင်မှာ အချင်းချင်း တိုက်မိတာမျိုး ဖြစ်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ref: bbc
—————————
THN Public Media
