THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန် အရှေ့ဘက်ခြမ်းမှာ နှင်းမုန်တိုင်းကျ၊ နယူးယောက်မြို့ သွားလာလို့ မရနိုင်အောင် နှင်းတွေပိတ်
နိုင်ငံတကာ

အမေရိကန် အရှေ့ဘက်ခြမ်းမှာ နှင်းမုန်တိုင်းကျ၊ နယူးယောက်မြို့ သွားလာလို့ မရနိုင်အောင် နှင်းတွေပိတ်

NEW YORK CITY - FEBRUARY 22: The Statue of Liberty is partly obscured as snow begins to fall as the city braces for a blizzard on Sunday into Monday, February 22, 2026, in New York City. The northeast U.S.is bracing for an intense nor'easter with blizzard conditions, heavy snow, and strong winds. New York City Mayor Zohran Mamdani announced a state of emergency for New York City and issued a travel ban beginning at 9 p.m. tonight and ending at 12 p.m. on Monday. New York City is expected to get up to a foo

ဖေဖေါ်ဝါရီ ၂၃ – ၂၀၂၆

အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းကို အင်အားပြင်း နှင်းမုန်တိုင်း ဝင်ရောက်နေတာကြောင့် ဒီကနေ့ မနက်ပိုင်း နယူးယောက်မြို့မှာ သွားလာရေးဟာ လုံးဝနီးပါး မဖြစ်နိုင်တော့တဲ့ အခြေ အနေကို ရောက်သွားတယ်လို့ ပြည်နယ် အေဂျင်စီတခုက သတိပေးလိုက်ပါတယ်။

နိုင်ငံရဲ့ တချို့ နေရာတွေမှာ နှင်းထုဟာ ၂၂ လက်မ ကျော်အထိ ရှိနေပြီး၊ နယူးယောက်မြို့ရဲ့ Central Park မှာတင် ၁၅ လက်မကျော် အထိ နှင်းတွေ ကျဆင်းခဲ့တယ်လို့ အမျိုးသား မိုးလေဝသဌာနက ဆိုပါတယ်။

ဆောင်းရာသီ မုန်တိုင်း သတိပေးချက်တွေကို မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကနေ မိန်း Maine ပြည်နယ် မြောက်ပိုင်း အထိ ထုတ်ပြန်ထား သလို၊ ကနေဒါနိုင်ငံ အရှေ့ပိုင်း ဒေသတချို့မှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတင် အမေရိကန်နိုင်ငံတွင်း လေယာဉ် ခရီးစဉ်ပေါင်း ၅၀၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရပြီး၊ လူပေါင်း သိန်းနဲ့ချီပြီး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ အထိ မဖြစ်မနေကိစ္စ ကလွဲလို့ သွားလာခွင့် ပိတ်ပင်ထားတဲ့ နယူးယောက်မြို့မှာ နှင်းထုဟာ ခြေသလုံး အထိ မြုပ်နေပြီလို့ သိရပါတယ်။

နေရာအချို့မှာ နှင်းထု ၂ ပေ အထိ ရှိလာနိုင်တယ်လို့ နောက်ဆုံးရ မိုးလေဝသ ခန့်မှန်းချက်တွေအရ သိရပါတယ်။

ဒါဟာ နယူးယောက်မြို့မှာ ၉ နှစ်အတွင်း ပထမဆုံး အကြိမ် နှင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့တာ လည်း ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version