THN Public Media Blog သတင်း နိုင်ငံတကာ အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်ကနေ မြန်မာ့အရေး SEM အစည်းအဝေး ကျင်းပ ခဲ့ကြောင်း ၁၂ ဖွဲ့ သတင်းထုတ်ပြန်
နိုင်ငံတကာ

အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်ကနေ မြန်မာ့အရေး SEM အစည်းအဝေး ကျင်းပ ခဲ့ကြောင်း ၁၂ ဖွဲ့ သတင်းထုတ်ပြန်

ဇန်နဝါရီ ၂၇ – ၂၀၂၆

အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်ကနေ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ ဆက်ဆံရေး SEM အစည်းအဝေး တရပ်ကို မြန်မာ့ တော်လှန်ရေး အင်အားစုတွေ နဲ့ ကျင်းပခဲ့ကြောင်း NUG NUCC CRPH အပါအဝင် အဖွဲ့ ၁၂ ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အစည်းအဝေးမှာ အချက် ၅ ချက်ကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

၁။ အကြမ်းဖက်မှုများ လျှော့ချရေးနှင့် အရပ်သားများကို အကာအကွယ် ပေးရေး

၂။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ

၃။ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲ

၄။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဒေသတွင်း သက်ရောက်မှုများ

၅။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ခြင်း စတဲ့ အချက်တွေဖြစ်ပါတယ်။

—————–

အခုလို ဆွေးနွေးချက်တွေ အပေါ် မြန်မာ့အရေး သက်ဆိုင်သူ အင်အားစု တွေကလည်း အချက် ၅ ချက် ပြန်လည် တင်ပြ ဆွေးနွေးခဲ့ တယ်လို့ ဆိုပါတယ်။

၁။ ဘုံသဘောတူညီချက် ၅ ရပ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း-

၂။ အရပ်သားများကို အကာအကွယ်ပေးရေးကို အရေးကြီးတဲ့ ဦးစားပေး အဖြစ် သတ်မှတ်ခြင်း-

၃။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်-

၄။ အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်-

၅။ ဒေသတွင်း တည်ငြိမ်ရေးနှင့် အာဆီယံ၏ ယုံကြည်ကိုးစားမှု- စတဲ့အချက်တွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

photo: CRPH

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version