THN Public Media Blog သတင်း နိုင်ငံတကာ အာဖဂန်နစ္စတန်မှာ ပြင်းအား ၆.၃ ငလျင်လှုပ်ခတ်၊ ထိခိုက်သေဆုံးမှု ရှိနိုင်
နိုင်ငံတကာ

အာဖဂန်နစ္စတန်မှာ ပြင်းအား ၆.၃ ငလျင်လှုပ်ခတ်၊ ထိခိုက်သေဆုံးမှု ရှိနိုင်

နိုဝင်ဘာ ၃ – ၂၀၂၅

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက အကြီးဆုံးမြို့ တခု ဖြစ်တဲ့ Mazar-e Sharif ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ ပြင်းအား ၆.၃ ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ဘူမိဗေဒ အဖွဲ့က မြေအောက် အနက် ၁၇ မိုင်မှာ ပြင်းအား ၆.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှု များနိုင်ကာ ဘေးအန္တရာယ် ကျယ်ပြန့်နိုင်တယ်လို့ သတိပေးထားပါတယ်။

Balkh ပြည်နယ်က တာလီဘန် ပြောရေးဆိုခွင့်ရှိသူ တဦးက သူ့ရဲ့ X မှာ တင်ထားရာမှာ Sholgara ခရိုင်မှာ လူလေးဦး သေဆုံးပြီး “လူအများ အပြား ဒဏ်ရာရရှိ” ကြောင်း ဖေါ်ပြထားပါတယ်။

Mazar-e Sharif မြို့ဟာ လူဦးရေ ၅ သိန်း ကျော် နေထိုင်ပြီး မြို့ခံ တွေဟာ ငလျင်လှုပ်ခတ်ချိန် လမ်းမတွေပေါ် ပြေးထွက်လာခဲ့ကြပါတယ်။

မြို့ရဲ့ အထင်ကရ နေရာ တခုဖြစ်တဲ့ အပြာရောင် ဗလီ က အပျက်အစီး တွေ ပြန့်ကျဲနေပုံရတဲ့ ဗီဒီယိုတခု X မှာ တင်ထားတာ တွေ့ရပါတယ်။

Photo – Nilofar Ayoubi

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version