THN Public Media Blog သတင်း နိုင်ငံရေး အိန္ဒိယ ဝန်ကြီးချုပ် ဖိတ်ကြားချက်နဲ့ ဦးမင်းအောင်လှိုင် အိန္ဒိယ နိုင်ငံကို ထွက်ခွာ
နိုင်ငံရေး

အိန္ဒိယ ဝန်ကြီးချုပ် ဖိတ်ကြားချက်နဲ့ ဦးမင်းအောင်လှိုင် အိန္ဒိယ နိုင်ငံကို ထွက်ခွာ

မေလ ၃၀ – ၂၀၂၆

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ရဲ့ ဖိတ်ကြားချက် အရ ဦးမင်းအောင်လှိုင် ဟာ အိန္ဒိယ နိုင်ငံကို ဒီကနေ့ မနက် လေကြောင်းခရီးနဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒါဟာ သမ္မတအဖြစ် သူ့ကို လွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် သမ္မတ ဖြစ်ပြီး ပထမဆုံး နိုင်ငံခြား ခရီးစဥ်လည်း ဖြစ်ပါတယ်။

ခရီးစဥ် အတွင်း အိန္ဒိယ သမ္မတ ဝန်ကြီးချုပ် တို့နဲ့ နှစ်နိုင်ငံ အစည်းအဝေး ကျင်းပတာ အပြင် အထင်ကရ နေရာတွေက စီမံကိန်းတွေကိုလည်း လေ့လာ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့တုန်းက သတင်း ထုတ်ပြန် ထားပါတယ်။

ခရီးစဥ်မှာ ဝန်ကြီးတွေ နဲ့ တာဝန်ရှိသူတွေလည်း လိုက်ပါသွားပါတယ်။

နိုင်ငံရေး သုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ ‘’ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားတာ ဟာ အိန္ဒိယက မူဝါဒ သုံးခု အရ ဖိတ်ကြားတာ…’’ ဖြစ်တယ်လို့ ပြောပါတယ်။

photo: popular news journal

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version