THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားတဲ့ လက္ခဏာတွေ ပိုပြီးထင်ရှားလာနေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြောကြား
နိုင်ငံတကာ

အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားတဲ့ လက္ခဏာတွေ ပိုပြီးထင်ရှားလာနေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြောကြား

ဖေဖေါ်ဝါရီ ၂၈ – ၂၀၂၆

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို ဒီကနေ့ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီ ဆိုတဲ့ အရိပ်အယောင်တွေ ပိုမို ထင်ရှားလာနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေအရ တီဟီရန်မြို့က ခါမေနီရဲ့ နေအိမ်ဝင်း အတွင်း ပျက်စီးမှုတွေကို မြင်တွေ့ရပြီး၊ သူ သေဆုံးသွားပြီ ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း အစ္စရေးနဲ့ အမေရိကန်မှာ ထွက်ပေါ်နေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်တနိုင်ငံလုံးကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး၊ အီရန် အစိုးရ ထိပ်တန်းခေါင်းဆောင် အတော်များများ ကို ရှင်းလင်း နိုင်ခဲ့ပြီလို့ အစ္စရေးဘက်က ဆိုပါတယ်။

တုံ့ပြန်မှုအနေနဲ့ အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသအနှံ့ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။

အမေရိကန်စစ်စခန်းတွေရှိရာ ဒါမှမဟုတ် အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဒူဘိုင်း၊ ဒိုဟာ၊ ဘာရိန်းနဲ့ ကူဝိတ် နိုင်ငံတွေမှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စနေနေ့ ညနေပိုင်းမှာ အီရန်နိုင်ငံ တဝန်း ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပွားခဲ့ပြီး၊ အစ္စရေး လေတပ် ကတော့ အီရန်နိုင်ငံ အတွင်းမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လခြမ်းနီအသင်းရဲ့ အဆိုအရ အီရန်တနိုင်ငံလုံးမှာ လူပေါင်း ၂၀၀ ကျော် သေဆုံး ခဲ့ပြီလို့ သိရ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version