THN Public Media Blog သတင်း နိုင်ငံတကာ အီရန်ဟာ အပစ်အခတ်ရပ်စဲရေး/စေ့စပ်ညှိနှိုင်းရေးကို “ဘယ်တုန်းကမှ မပြောခဲ့ဘူး” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ပြော
နိုင်ငံတကာ

အီရန်ဟာ အပစ်အခတ်ရပ်စဲရေး/စေ့စပ်ညှိနှိုင်းရေးကို “ဘယ်တုန်းကမှ မပြောခဲ့ဘူး” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ပြော

မတ်လ ၁၆ – ၂၀၂၆

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က တီဟီရန် အစိုးရ အနေနဲ့ “အပစ်အခတ်ရပ်စဲဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့သလို၊ စေ့စပ်ညှိနှိုင်း ဖို့တခါမှ မပြောခဲ့ဖူးဘူး” လို့ ပြောကြားလိုက်ပါတယ်။

သမ္မတ ထရမ့်က အီရန်ဟာ သဘောတူညီချက် လိုချင်နေပေမဲ့ သတ်မှတ်ချက် တွေက လုံလောက်တဲ့ အခြေအနေတွေ မဖြစ်သေးတာ ကြောင့် အခု လောလောဆယ် သဘောမတူချင်သေးဘူးလို့ ပြောကြား လိုက်တဲ့ အပေါ် အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည် တုံ့ပြန်လိုက်တာ လည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ အမေရိကန်တွေနဲ့ စကားပြောဖို့ ဘာအကြောင်းမှ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်တုန်း ကလည်း ကျွန်တော်တို့ သူတို့နဲ့ စကားပြောနေခဲ့ကြတာပဲလေ” လို့ သူက CBS News ကို ပြောကြားခဲ့ပါတယ်။

“ဒါဟာ သမ္မတထရမ့်နဲ့ အမေရိကန်ပြည်ထောင်စုတို့က စိတ်ကြိုက် ဖန်တီးလိုက်တဲ့ စစ်ပွဲဖြစ်ပြီး၊ ကျွန်တော်တို့ ဘက်ကတော့ မိမိကိုယ်ကို ခုခံ ကာကွယ်တာကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ” လို့ သူက ဆိုပါ တယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version