ဇွန် ၁၅ – ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင် ဟာ သမ္မတ အနေနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့ အထိ ၅ ရက်တာ ခရီးစဥ် ဖြစ်ပြီး အခုပေကျင်း ကို ရောက်ရှိပြီးနောက် Aerospace City ကို သွားရောက်ကာ တရုတ်နိုင်ငံ အာကာသသိပ္ပံနဲ့ နည်းပညာ ကို လေ့လာခဲ့တယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။
Aerospace City ဟာ တရုတ်နိုင်ငံ ရဲ့ အာကာသမစ်ရှင်တေါကို စီမံခန့်ခွဲ ထိန်းချုပ်ရာ အဓိက ဗဟိုချက် ဖြစ်ပြီး အမေရိကန်နိုင်ငံ NASA မစ်ရှင် ထိန်းချုပ်ရေး စင်တာများနဲ့ နှိင်းယှဉ်ဖော်ပြလေ့ရှိတဲ့ အာကာသ နည်းပညာ ဆိုင်ရာ အရေးပါတဲ့ အဆောက်အအုံစုကြီး တခု ဖြစ်တယ် လို့လည်း ဆိုပါတယ်။
—————————
THN Public Media
