နေပြည်တော် ဧပြီ ၆ – ၂၀၂၆
မနက်ဖြန် ဧပြီ ၇ ရက်နေ့ မှာပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးမှာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးမင်းအောင်လှိုင်က ပြည်ထောင်စု အဆင့် တရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်၊ တရားသူကြီးဦးရေ သတ်မှတ်တဲ့ ကိစ္စအပေါ် ရှင်းလင်းမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပထမအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးကာ ဦးမင်းအောင်လှိုင်က ပြန်လည် ဆွေးနွေးပြီး လွှတ်တော်ရဲ့အဆုံးအဖြတ် ရယူမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု အဆင့် အစိုးရဝန်ကြီးဌာန အရေအတွက်၊ဝန်ကြီး ဦးရေ၊ ဝန်ကြီး နာမည်တွေ အပေါ် မှာလည်း အလားတူ ဆွေးနွေး ရှင်းလင်း အတည်ပြုမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကိုတော့ ကန့်ကွက်သူမရှိတဲ့ အတွက် လွှတ်တော်က သဘောတူကြောင်း ကြေညာသွားမှာပါ။
ဒါ့အပြင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနဲ့ ဒါရိုက်တာ အဖွဲ့ဝင် ခန့်အပ် တာဝန်ပေးလိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ အဖြစ် ခန့်အပ် တာဝန်ပေးလိုတဲ့ ပုဂ္ဂိုလ်အမည်တွေကို တင်ပြသွားဖို့ရှိပါတယ်။
Crd – VOM
—————————
THN Public Media
