THN Public Media Blog Sport ၃၃ ကြိမ်မြောက် ဆီးဂိမ်းကနေ ကမ္ဘောဒီးယား အားကစားအဖွဲ့ နုတ်ထွက်
Sport

၃၃ ကြိမ်မြောက် ဆီးဂိမ်းကနေ ကမ္ဘောဒီးယား အားကစားအဖွဲ့ နုတ်ထွက်

Members of Cambodia's delegation wave their country's national flag as they take part in the athletes' parade during the opening ceremony of the 33rd Southeast Asian Games (SEA Games) at Rajamangala National Stadium in Bangkok on December 9, 2025. Cambodia withdrew on December 10, 2025 from the Southeast Asian Games, a Games official said, as a border conflict with hosts Thailand escalated and forced a mass exodus of civilians from both sides of the disputed frontier. (Photo by Lillian SUWANRUMPHA / AFP via

ဒီဇင်ဘာ ၁၀ – ၂၀၂၅

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကနေ ကမ္ဘောဒီးယား အားကစား အဖွဲ့ အနေန့ လုံခြုံရေးအရ စောစီးစွာ နုတ်ထွက်ကြောင်း ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီ ကနေ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ထံ ဒီကနေ့ စာရေးသား ပေးပို့လိုက်ပါတယ်။

ကမ္ဘောဒီးယား အားကစားသမားတွေ အနေနဲ့ မိသားစုဝင်တွေဆီ ကနေ အမြန်ဆုံး နေရပ် ပြန်လာဖို့ စိုးရိမ်ပူပန်မှုတွေနဲ့ တောင်းဆိုမှုတွေကြောင့် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ အားလုံးကို ရုပ်သိမ်းပြီး ချက်ချင်း ပြန်ဖို့ စီစဉ်ဆောင်ရွက်ရတော့မှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာမျိုး မဟုတ်ကြောင်းနဲ့ ထိုင်းနိုင်ငံ အမျိုးသား အားကစားကော်မတီTHASOC နဲ့ ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ် ကော်မတီ NOCT တို့ကနေ ကမ္ဘောဒီးယား အားကစားသမား တွေအပေါ် ဧည့်ဝတ်ပြုမှု နဲ့ နွေးထွေးမှုတို့ အပေါ် အထူးတန်ဖိုးထား လေးစားကြောင်း ဖေါ်ပြထားပါတယ်။

အခုလို စောစီးစွာ ထွက်ခွာရခြင်းအတွက် အဆင်မပြေမှု တစုံတရာ ရှိခဲ့ပါက တောင်းပန်ကြောင်းနဲ့ နားလည်မှုနဲ့ ပံ့ပိုးကူညီမှုကို အမြဲတမ်း ကျေးဇူးတင်ရှိနေမယ်လို့ ရေးသား ဖေါ်ပြထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား အကြား အပစ်ရပ်စဲမှု သဘောတူညီချက် ပျက်ပြားခဲ့ပြီးနောက် နယ်စပ်မှာ ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုတွေ အပြင်းအထန် ပြန်ဖြစ်လာရာ ဒီကနေ့ ၄ ရက်မြောက် ရှိပြီ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version