THN Public Media Blog သတင်း နိုင်ငံရေး အသံတိတ်သပိတ် ဆင်နွှဲတဲ့ ပြည်သူတွေကို NUG ယာယီသမ္မတ ဦးညွှတ်ကြောင်းပြော၊ လက်နက်အပေါ် သာယာသူ တချို့ရှိကြောင်းဝန်ခံ၊ လူ့အခွင့်အရေးနေ့ မိန့်ခွန်း
နိုင်ငံရေး

အသံတိတ်သပိတ် ဆင်နွှဲတဲ့ ပြည်သူတွေကို NUG ယာယီသမ္မတ ဦးညွှတ်ကြောင်းပြော၊ လက်နက်အပေါ် သာယာသူ တချို့ရှိကြောင်းဝန်ခံ၊ လူ့အခွင့်အရေးနေ့ မိန့်ခွန်း

ဒီဇင်ဘာ ၁၀ – ၂၀၂၅

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်း ပြောကြားရာမှာ စစ်အာဏာရှင်တွေရဲ့ ညှင်းပန်း ရက်စက်မှုတွေကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးဆိုတာကို ပြသတဲ့ ဒီကနေ့ အသံတိတ် သပိတ် ဆင်နွှဲကြတဲ့ ပြည်သူတွေကို လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြား သွားပါတယ်။

စစ်အာဏာရှင် သက်ဆိုးရှည်နေသရွေ့၊ ပြည်သူတွေဟာလည်း အချိန်တိုင်း နေ့တိုင်း၊ လူ့အခွင့်အရေးကို ဆက်လက် ဆုံးရှုံးနေကြရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ၅ နှစ် နီးပါး ရောက်လာချိန်မှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေ အပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေး ကျင့်ဝတ်၊ စံနူန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရကြောင်း သမ္မတ က ဝန်ခံသွားပါတယ်။

ရာထူး အာဏာဆိုတာ တာဝန် အတွက်သာဖြစ်ပြီး အာဏာစည်းစိမ် အတွက် မဟုတ်ကြောင်း တော်လှန်ရေး ကျင့်ဝတ် စံနှုန်းတွေကို မြဲမြံစွာ ကိုင်စွဲထားကြဖို့ သတိပေး ပြောကြားသွားပါတယ်။

နွေဦးတော်လှန်ရေးဟာ စစ်အုပ်စု ပြုတ်ကျရေး သက်သက် မဟုတ်ဘဲ စစ်အာဏာရှင် အတွေးအခေါ်၊ အမှုအကျင့်တွေအားလုံး အဆုံးသတ် သွားရေးထိ ရည်မှန်းတဲ့ တော်လှန်ရေး ဖြစ်တာကြောင့် ဖက်ဆစ်စစ်တပ် အမှုအကျင့်၊ အတွေးအခေါ် လုပ်နည်းဟန်တွေ ကူးစက် မခံရဖို့ အရေးကြီး ကြောင်း တိုက်တွန်းခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာ တန်ဖိုးထားကြ ဖို့ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လူ့အခွင့်အရေး နေ့ အတွက် သမ္မတက သတင်းစကား ပြောကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version