နိုင်ငံတကာ နိုင်ငံရေး

ဟော်မုဇ်က ရေနံတွေ ကိုယ့်ဘာသာသွားယူကြ လို့ ထရမ့်က ယူကေ နဲ့ တခြားနိုင်ငံတွေကို ပြောဆို

US President Donald Trump speaks to the press upon arrival at Miami International Airport in Miami, Florida, on March 27, 2026. Trump will deliver remarks at the FII PRIORITY Summit in Miami Beach. (Photo by Mandel NGAN / AFP via Getty Images

မတ်လ ၃၁ – ၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယူကေ အပါအဝင် တခြားနိုင်ငံတွေကို ဟော်မုဇ်ရေလက်ကြား က ရေနံကို ကိုယ့်ဘာသာကိုယ် သွားယူကြ ဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

အီရန်ရဲ့ အုပ်ချုပ်ရေးယန္တရားကို တိုက်ခိုက်ဖြိုချရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ နိုင်ငံတွေ ကို ရည်ညွှန်းပြီး “ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် ဘယ်လို တိုက်ရလဲဆိုတာ စပြီး သင်ရတော့မယ်၊ ခင်ဗျားတို့ ကျွန်တော်တို့ ဘက်မှာ မရှိခဲ့သလို အမေရိကန် ကလည်း ခင်ဗျားတို့ကို ကူညီဖို့ ရှိနေမှာ မဟုတ်တော့ဘူး” လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့ “လာမယ့်ရက်တွေဟာ အဆုံး အဖြတ် ဖြစ်လာလိမ့်မယ်” လို့ ပြောကြားခဲ့ပြီး ဟော်မုဇ်ရေ လက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘော အရေ အတွက် ပိုများလာတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း ကူဝိတ် နိုင်ငံပိုင် ရေနံတင် သင်္ဘောတစီးဟာ ဒူဘိုင်းမြို့အနီးမှာ တိုက်ခိုက်ခံခဲ့ရပြီး အဲဒီ သင်္ဘောပေါ်မှာ ရေနံစိမ်းစည်ပေါင်း သန်းနဲ့ချီ ပါရှိပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ လက်ချက်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။

သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောသား ၂၄ ဦးစလုံး ဘေးကင်းကြပြီး လောင်ကျွမ်းနေတဲ့ မီးကိုလည်း ထိန်းချုပ်နိုင်ပြီလို့ သိရပါတယ်။

အစ္စရေး၊ အီရန်နဲ့ UAE တို့မှာ တိုက်ခိုက်မှုတွေနဲ့ ကြားဖြတ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သတင်း ရရှိထားပြီး ဒူဘိုင်းမြို့မှာတော့ ပစ်ချခံရတဲ့ ဒုံးကျည် အစအနတွေ ကျရောက်တာကြောင့် လူအတော် များများ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ပွဲဖြစ်ပွားခဲ့တဲ့ ၅ ပတ်အတွင်းမှာ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ရပြီး သေဆုံးသူ အများစု ကတော့ အီရန်နဲ့ လက်ဘနွန်နိုင်ငံ တွေက ဖြစ်ကြပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *