Sport

မက္ကဆီကိုမှာ ကမ္ဘာ့ဖလား ဖွင့်ပြီ

MEXICO CITY, MEXICO – JUNE 11: Performers dance during the Opening Ceremony ahead of the FIFA World Cup 2026 Group A match between Mexico and South Africa at Mexico City Stadium on June 11, 2026 in Mexico City, Mexico. (Photo by Hector Vivas – FIFA/FIFA via Getty Images

ဇွန် ၁၁ – ၂၀၂၆

သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်လာမယ့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့က မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့က နာမည်ကျော် Estadio Azteca အားကစားကွင်းကြီးမှာ တခမ်းတနား ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံ ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပတာဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနား ကိုတော့ မက္ကဆီကိုကွင်းကြီးမှာ ပထမဆုံး စတင်ခဲ့တာပါ။

ပရိသတ် ၈ သောင်းကျော် ရှေ့မှောက်မှာ ကျင်းပခဲ့တဲ့ အဲဒီဖွင့်ပွဲမှာ ရှာကီရာ နဲ့ နိုင်ဂျီးရီးယား အနုပညာရှင် Burna Boy တို့က အခုနှစ် ကမ္ဘာ့ဖလားသီချင်း ဖြစ်တဲ့ “Dai Dai” ကို သီဆိုဖျော်ဖြေခဲ့ကြသလို မက္ကဆီကိုရဲ့ ရိုးရာယဉ်ကျေးမှု အနုပညာ အကအလှတွေနဲ့လည်း ခမ်းနားစွာ တင်ဆက်ခဲ့ကြပါတယ်။

ဖွင့်ပွဲအခမ်းအနားအပြီး အဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင် မက္ကဆီကိုအသင်းနဲ့ တောင်အာဖရိကအသင်း တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အိမ်ရှင် ၃ နိုင်ငံစလုံးမှာ ဖွင့်ပွဲအခမ်းအနား ခွဲပြီး ကျင်းပမှာဖြစ်လို့ နောက်ရက်တွေမှာ ကနေဒါ (တိုရွန်တို) နဲ့ အမေရိကန် (လော့စ်အိန်ဂျလိစ်) တို့မှာလည်း ဖွင့်ပွဲတွေကို ဆက်တိုက် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *