Blog

War နိုင်ငံတကာ သတင်း

ဂါဇာအပစ်ရပ်ရေး သဘောတူပြီ

အောက်တိုဘာ ၉ – ၂၀၂၅ ဂါဇာငြိမ်းချမ်းရေး အစီအစဉ် ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဘက်စလုံး လက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ထရမ့် ပြောကြား အပစ်ရပ်သဘောတူညီပြီ ဖြစ်တဲ့ အကြောင်း သမ္မတထရမ့်က သူ့ရဲ့ ဆိုရှယ်မိဒီယာမှာ‌ အောက်ပါ အတိုင်းရေးသားဖေါ်ပြထားပါတယ်။ ——————– “အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ ပထမအဆင့်ကို လက်မှတ်ရေးထိုး လိုက်ကြပြီ ဖြစ်တဲ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်။ ဒီလိုဆိုရင် မကြာခင်မှာ ဓားစာခံ အားလုံး လွတ်မြောက်လာတော့မှာ ဖြစ်ပြီး၊ ခိုင်မာပြီး၊ ကြာရှည် ခံမယ့်၊ ထာဝရ ငြိမ်းချမ်းရေးဆီကို ပထမခြေလှမ်း အနေနဲ့ အစ္စရေးက ၎င်းတို့ရဲ့ တပ်ဖွဲ့တွေကို သဘောတူထားတဲ့ နယ်နိမိတ်ဆီ ဆုတ်ခွာသွားမှာ

Read More
Sport

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်

အောက်တိုဘာ ၉ – ၂၀၂၅ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဒီ အောက်တိုဘာလမှာ ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေး ကနေ ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ဒီအတွက် ဦးဇော်ဇော် အနေနဲ့ ၂၀၂၅ ကနေ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီ လုပ်ငန်းကော်မတီမှာ ဒုတိယဥက္ကဋ္ဌ အဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမား တဦးဖြစ်သူ Javier Zanetti က ဆောင်ရွက်မှာ ဖြစ်ပြီး ကော်မတီမှာ အဖွဲ့ဝင် (၂၁) ဦး ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဦးဇော်ဇော်ဟာ

Read More
ပြည်တွင်း သတင်း

ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၃၂ဝ ဦး နစ်နာကြေး ဘတ် ၃ သန်း ကျော်ရ

အောက်တိုဘာ ၈ -၂၀၂၅ ထိုင်းနိုင်ငံ ၊ ချာချင်ဆောင်ခရိုင် အလုပ်ရုံတခု ကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာ အလုပ်သမား ၃၂ဝ ဦး အတွက် နစ်နာကြေး ဘတ် ၃ သန်းကျော် ပြန်လည် ရရှိခဲ့ ကြောင်း ကူညီဆောင်ရွက်ပေးခဲ့တဲ့ MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်ထား ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃၂ဝ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ မှာ အလုပ်ရှင်က ကြိုတင် အကြောင်းမကြားပဲ လုပ်သက် ၄ လ မပြည့်ခင် အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာတော့ မြန်မာအလုပ်သမားတွေက နစ်နာကြေး အကူ အညီ တောင်းခဲ့တာ ဖြစ်ကြောင်း MHAC

Read More
ပြည်တွင်း သတင်း

တာမွေမှာ အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံး

အောက်တိုဘာ ၈ – ၂၀၂၅ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ်ရှိ ဦးဇော်ဝင်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ “သူ့မိသားစုဝင်တွေက သူဒီလိုလုပ်ပြီး ၁၅ မိနစ်လောက်ကြာမှ သိကြတာ။ သူ အိမ်သာသွားတယ်ပဲ ထင်နေကြတာ။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မိနစ်

Read More
ပြည်တွင်း သတင်း

ပန်းဘဲတန်းမြို့နယ် 32nd Beauty Land Hotel မှာ အမျိုးသမီးငယ် တဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူနဲ့ ပူးပေါင်း ပါဝင်သူတို့ကို ဖမ်းဆီးမိ

အောက်တိုဘာ ၈ – ၂၀၂၅ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရန်ကုန် ပန်းဘဲတန်း မြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ (၅)လွှာ၊ အခန်းအမှတ် (၅၀၂) ပြတင်းပေါက် အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ် အတွင်းမှာ ခုတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ အမျိုးသမီး တဦး နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အောက်တိုဘာလ ၇ ရက်နေ့ ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံး အမျိုးသမီးမှာ ပဲခူးတိုင်း နတ်တလင်းမြို့နယ် က မစုမြတ်ဝင်း (၂၃) နှစ် ဖြစ်ကြောင်း နဲ့

Read More
နိုင်ငံရေး ပြည်တွင်း

ကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုး မူးယစ်ဆေးဝါးတွေ ဖမ်းမိကြောင်း စစ်ကော်မရှင် ထုတ်ပြန်၊ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေလို့ဆို

အောက်တိုဘာ ၈ – ၂၀၂၅ အဖွဲ့က ရခိုင်ပြည်နယ်နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်မယ့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီး ရမိ ခဲ့ကြောင်းနဲ့ ဒါတွေဟာ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ MRTV မှာ မနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ရှမ်းပြည်နယ်က ဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ ကနေ ရခိုင်ပြည်နယ် နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်ဖို့ ဖြစ်ကြောင်း သတင်းရတဲ့ အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ နစ်ဆန် ကားတစီး ပေါ်ကနေ

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၈ – ၂၀၂၅

ရွှေစျေး – သိန်း ၈၀ နဲ့ ၂ သောင်းဒေါ်လာ – ၄၀၈၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ဒီဇယ် – ၂၅၄၅———–မနေ့ကစျေးရွှေစျေး – သိန်း ၈၀ နဲ့ ၅ သောင်းဒေါ်လာ – ၄၀၈၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ဒီဇယ် – ၂၅၄၅

Read More
နိုင်ငံတကာ နိုင်ငံရေး

အောက်တိုဘာ ၇ ရက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အစ္စရေးပြုလုပ်

အောက်တိုဘာ ၈ – ၂၀၂၅ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှု ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အစ္စရေး နိုင်ငံသားတွေဟာ မနေ့ အောက်တိုဘာ ၇ ရက်နေ့က တနိုင်ငံလုံးမှာ စုရုံး ကျင်းပခဲ့ သလို၊ အီဂျစ် နိုင်ငံ မှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်နေ ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ရဲ့ အစ္စရေးထဲ ဝင်ရောက် တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံ အဖြစ် ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဟိုလိုကော့စ် (Holocaust) ဖြစ်ပြီး

Read More
နိုင်ငံရေး သတင်း

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန်

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန် အောက်တိုဘာ ၈ – ၂၀၂၅ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ၅၀၅-က/ ပေါက်ကွဲ-၅ အမှုတို့နဲ့ ထောင်ဒဏ် (၈)နှစ် အကျဉ်းချ ခံထားရတဲ့ အသက် (၄၈) နှစ် အရွယ် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ၄ ရက်နေ့က နှလုံး ဆီးချို ကျောက်ကပ်ရောဂါ နဲ့ ထောင်ထဲမှာ အသက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကိုအောင်ကိုဦးဟာ ၂၀၂၁ အစောပိုင်းကာလမှာ စစ်တပ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ ပြီးနောက် ၂၀၂၁ မေလ (၁၄) ရက်နေ့မှာ

Read More
War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲခရိုင် မန်ဟုန်း‌ ကျေးရွာကို စစ်တပ်က ဗုံးကြဲလို့ ကလေးငယ် (၁)ဦး အပါအ၀င် လူ (၁၀) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၇ – ၂၀၂၅ ရှမ်းမြောက်ဒေသ ကျောက်မဲခရိုင် မိုင်းလုံ မြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်က ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ လေယာဥ်နေဲ့ ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၁)ဦး အပါအ၀င် ပြည်သူလူထု (၁၀) ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA တအာင်းအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် နေအိမ် (၆) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။ အလားတူ ဒီကနေ့ မနက် ၇ နာရီခွဲ လောက်မှာ နမ္မတူ မြို့နယ် ရပ်ကွက် (၈) ‌ပုဗ္ဗာရုံ

Read More