Blog

Sport

အနိုင်ပိုင်းလိုက်တဲ့ MMAဖိုက်တာ အောင်လအန်ဆန်

အောက်တိုဘာ ၄ – ၂၀၂၅ MMAဖိုက်တာ အောင်လအန်ဆန် ဟာ ကစားသမားဘဝရဲ့ နောက်ဆုံး ထိုးသတ်ပွဲမှာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ် ကို အနိုင်ယူပြီး သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ နောက်ဆုံး ပွဲစဥ်မှာ အောင်ပွဲနဲ့အတူ အနိုင်ပိုင်းလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ဒီနောက်ဆုံးပွဲစဥ်မှာ အဆိုတော် လေးဖြူက “အမဲလိုက်အက” သီချင်း နဲ့ သီဆိုပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ကို ဒုတိယ အချီမှာ တဘက်သက် ဖိထိုး နိုင်နေတဲ့ အချိန်မှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။One Championship က အောင်လအန်ဆန်ကို ဒေါ်လာ ၅ သောင်းကို အပိုဆုကြေး အဖြစ်

Read More
War နိုင်ငံရေး ပြည်တွင်း

မန်းတက္ကသိုလ်ရာပြည့်ပွဲ လာရောက်တဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ လပခ ထဲကို BWM က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

အောက်တိုဘာ ၄ – ၂၀၂၅ မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်၊ ရာပြည့်သဘင်ပွဲကို တက်ရောက်ဖို့ လာတဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ နန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို Brave Warriors for Myanmar BWM က ဦးဆောင်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BWM က သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေး တက္ကသိုလ်ထဲမှာကျင်းပတဲ့ ရာပြည့်သဘင် အခမ်းအနားမှာ အရပ်သားပြည်သူတွေကို ထိခိုက်မှာ စိုးတဲ့အတွက် လပခ ထဲကိုသာ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို တိုက်ခိုက်မှု ရှိခဲ့ပေမယ့် စစ်ကော်မရှင် ဥက္ကဌ နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မန္တလေး

Read More
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

ရွှေစျေး ငွေစျေး အောက်တိုဘာ ၄ – ၂၀၂၅

ရွှေစျေး – ၇၉ သိန်း နဲ့ ၈ သောင်းဒေါ်လာ – ၄၀၆၀ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ဒီဇယ် – ၂၅၄၅ မနေ့ကစျေး ရွှေစျေး – ၇၉ သိန်း ၃ သောင်းဒေါ်လာ – ၄၀၅၅ရည်ညွှန်းရွှေစျေး – ၅၉ သိန်း ၉ သောင်းဓါတ်ဆီ – 92 – ၂၈၃၀ / 95 – ၂၈၉၅ဒီဇယ် – ၂၅၄၅

Read More
ပြည်တွင်း

မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ဖွင့်ပွဲကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ဖွင့်လှစ်

အောက်တိုဘာ ၄ – ၂၀၂၅ မန္တလေးတက္ကသိုလ်မှာ ဒီကနေ့ မနက်က ပြုလုပ်တဲ့ မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ဖွင့်ပွဲကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ဖွင့်လှစ် ခဲ့ကြောင်းသိရပါတယ်။

Read More
War နိုင်ငံတကာ နိုင်ငံရေး

ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးမယ့် အပေါ် နေတန်ယာဟု တုန့်ပြန်၊ ထရမ့်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု

အောက်တိုဘာ ၄ – ၂၀၂၅ ဟားမတ်စ်တို့က ထရမ့် ငြိမ်းချမ်းရေး အစီအစဥ်မှာ ပါတဲ့ ဓားစာခံ လွှတ်ပေးရေး ကို သဘောတူ လိုက်ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် ရုံးကနေ ထရမ့် အစီအစဥ်နဲ့ ပတ်သက်ပြီး အစ္စရေး အနေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စာနှစ်ကြောင်းပါ ကြေညာချက်ကို ထုတ်ပြန် လိုက် ပါတယ်။ “ဟားမတ်စ်ရဲ့ တုံ့ပြန်မှုကြောင့် အစ္စရေးဟာ ဓားစာခံအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရေး အတွက် ထရမ့်ရဲ့ အစီအစဉ် ပထမအဆင့်ကို ချက်ချင်း အကောင် အထည်ဖော်ဖို့ ပြင်ဆင်နေတယ်” လို့ နေတန်ယာဟုက ပြောကြား ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ “သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီ၊ အစ္စရေးက ချမှတ်ထား

Read More
ပြည်တွင်း သတင်း

PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ ပြန်ဝင်လာတယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်

အောက်တိုဘာ ၄ – ၂၀၂၅ PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ တို့ဟာ လက်နက် ခဲယမ်း တွေနဲ့ အတူ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာတယ်လို့ စစ်ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြန်ဝင်လာသူတွေထဲမှာ DPLA ၁၂ ဦး၊ KNDF ၁ ဦး၊ PNLO ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု ၁ ဦးနဲ့ PDF ၁၂ ဦး စုစုပေါင်း ၃၀ ဖြစ်ကြပြီး သူတို့ကို ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင် စစ်ဌာနချုပ်မှာ

Read More
သတင်း

ဂါဇာကို ဗုံးကြဲတာ ချက်ခြင်းရပ်ဖို့ ထရမ့်က အစ္စရေးကို ပြော၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး နီးစပ်နေပြီလို့ဆို ဟားမတ်စ်တို့က ဓားစာခံပြန်လွှတ်ဖို့ သဘောတူ

အောက်တိုဘာ ၄ – ၂၀၂၅ ဟားမတ်စ်တို့က ဓားစာခံတွေ ပြန်လွှတ်ပေးမယ်လို့ သဘောတူ လိုက်တဲ့ အတွက် သမ္မတထရမ့်က အစ္စရေးတို့ ဂါဇာကို ဗုံးကြဲနေတာ ချက်ခြင်း ရပ်ဖို့ ပြောကြားလိုက်ပါတယ်။ ‘’ဟားမတ်စ် က ရေရှည်ငြိမ်းချမ်းရေး အတွက် အဆင်သင့်ဖြစ်နေပြီ…’’ အစ္စရေးက ဂါဇာကို ဗုံးကြဲတာ ချက်ခြင်းရပ်’’ လို့ ထရမ့်က ဆိုရှယ် မီဒီယာမှာ ဖေါ်ပြထားပါတယ်။ ဟားမတ်စ် တို့ကလည်း ထရမ့်ရဲ့ ပြောဆိုချက်ဟာ အားတက်စရာဖြစ်ပြီး စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့ အနေနဲ့ ထရမ့်က ရုပ်သံ သတင်းစကား ထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ဆွေးနွေးရာမှာ ကူညီပေးခဲ့ကြတဲ့ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အီဂျစ်

Read More
War နိုင်ငံတကာ သတင်း

ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးဖို့ သဘောတူ၊ ငြိမ်းချမ်းရေး အစီအစဥ် အချက်တချို့ ပြောင်းလဲလိုကြောင်း ပြောကြား၊ ပါလက်စတိုင်း “အမျိုးသားမူဘောင်အတွင်း” ဆက်လက် ဆွေးနွေးနေဆဲ လို့ ဆို

အောက်တိုဘာ ၄ – ၂၀၂၅ ဟားမတ်စ်က အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ သဘောတူပေမယ့် အမေရိကန်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်တချို့ကို ပြောင်းလဲလိုကြောင်း ပြောကြားလိုက်ပါတယ်။ သမ္မတ ထရမ့်က သူ့ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အချက် ၂၀ အစီအစဥ် ကို ဟားမတ်စ်တို့ အနေနဲ့ လာမယ့် တနင်္ဂနွေ ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်၊ အဲလို သဘောမတူရင် “ငရဲနဲ့ ရင်ဆိုင်ရမယ်” လို့ ဟားမတ်စ်ကို နောက်ဆုံး သတိပေးချက်ပေးပြီး နာရီအနည်းငယ် အကြာ အခုလို ဟားမတ်စ်တို့ရဲ့ သဘောထား ထွက်‌ပေါ်လာတာ ဖြစ်ပါတယ်။ ဟားမတ်စ်တို့က ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံ အားလုံးကို ပြန်လွှတ်ပေးဖို့ သဘောတူညီခဲ့ပေမယ့် အမေရိကန် ငြိမ်းချမ်းရေး

Read More
နိုင်ငံတကာ သတင်း

သမ္မတ ထရမ့် က ဟားမတ်စ်ကို ပြင်းထန်စွာ သတိပေး၊ နောက်ဆုံး အခွင့်အရေး ကို သဘောမတူရင် တခါမှ မြင်ဘူးတဲ့ ငရဲလို ခံစားရမယ်၊ လာမယ့် တနင်္ဂနွေ ဝါရှင်တန်အချိန် ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်

အောက်တိုဘာ ၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူချပြထားတဲ့ ဂါဇာငြိမ်းချမ်းရေး အဆိုပြုချက် အချက် ၂၀ ကို ဟားမတ်စ်အနေနဲ့ လာမယ့် တနင်္ဂနွေ ဝါရှင်တန် အချိန် ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်လို့ ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။ သဘောမတူခဲ့ဘူးဆိုရင် ဟားမတ်စ်တို့ဟာ တခါမှ မမြင်ဘူးတဲ့ ငရဲလို ကြုံတွေ့ခံစားရမယ်လို့ သူ့ရဲ့ TRUTH SOCIAL ပလက်ဖေါင်း ကနေ ခြိမ်းခြောက် လိုက်တာဖြစ်ပါတယ်။ သမ္မတထရမ့် သတိပေးချက် အပြည့်အစုံ (သာသာပြန်) ဟားမတ်စ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာ ကြမ်းကြုတ် အကြမ်းဖက် ခြိမ်းခြောက်တဲ့ အဖွဲ့ တခု ဖြစ်တယ်။သူတို့ဟာ လူတွေကို သတ်ဖြတ်ခဲ့ကြပြီး (ဘဝတွေကို မခံမရပ်နိုင်အောင် ဆင်းရဲဒုက္ခ

Read More
War နိုင်ငံရေး

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်ကလေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်က အောက်တိုဘာ ၂ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်မှာ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတဲ့အတွက် ဟိုတယ် ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၃ – ၂၀၂၅

Read More