စစ်တပ်ကနေ ပြည်ခိုင်ဖြိုးကို အမတ်လောင်း ၅၀၀ နီးပါး ပေးပို့
စက်တင်ဘာ ၁၇ – ၂၀၂၅ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ကနေ အမတ်လောင်း ၅၀၀ နီးပါး ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အတည်မပြုနိုင်သေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေးပို့ခဲ့တဲ့ စရင်းအရ – *ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ သို့ ကာကွယ်ရေးဝန်ကြီးဌာန မှ ပြောင်းရွှေ့ရမည့် အင်အား စာရင်းချုပ်* *ဗိုလ်ချုပ်ကြီး ၁ ဒုဗိုလ်ချုပ်ကြီး ၆ ဗိုလ်ချုပ် ၁၂ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး/ ဒုဗိုလ်မှူးကြီး ၃၀၀ ဗိုလ်ကြီး/ဗိုလ်မှူး ၁၁၀ အခြားအဆင့် ၆၀ (ရုံးအုပ်နှင့် တကက/စရ အပါ)* (၄၂၉ +၆၀= ၄၈၉) ဖြစ်ကြောင်း သိရပါတယ်။ နာမည်စာရင်းများ အားလုံး ပါတီဌာနချုပ်သို့ပေးပို့ပြီး
