လွတ်လပ်စွာပညာသင်ကြားခွင့် နဲ့ ပတ်သက်ပြီး ထားဝယ်အမျိုးသားအဖွဲ့ချုပ် သဘောထား ထုတ်ပြန်
ဇွန် ၇ – ၂၀၂၆ ————————— THN Public Media
ဇွန် ၇ – ၂၀၂၆ ————————— THN Public Media
ဇွန်လ ၇ – ၂၀၂၆ ကျောင်းသားတွေ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို တားမြစ် ဟန့်တားတာ မဟုတ်ကြောင်း နဲ့ ကျောင်းသားတွေ ဘေးကင်းလုံခြုံဖို့ အတွက် ကလေးတွေ မြို့ပေါ်ကျောင်း အပ်တဲ့အခါ မိဘတွေပါ မြို့ပေါ်မှာ ပြောင်းရွှေ့ နေထိုင်ဖို့ လောင်းလုံးမြို့နယ် PDF နဲ့ ပသုံးလုံး အပါအဝင် ဒေသခံ တော်လှန်ရေး တပ်တွေက ဇွန်လ ၆ ရက်နေ့က မေတ္တာရပ်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။ အကြောင်းကတော့ လောင်းလုံးမြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့ အခုလို အချိန်မှာ စစ်ကောင်စီ တပ်တွေက ကျောင်းကြို ကျောင်းပို့ ယာဥ်တွေကို အကာအကွယ် ယူပြီး သွားလာ နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက် ကလေးသူငယ်တွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဥ်စား
‘’သေနတ်ဖေါက်တဲ့အတွက် ဖေါက်တဲ့အဖွဲ့က မိမိအမှားကို ဝန်ချတောင်းပန်’’ ကိုကျော်ကိုကို (SDP ဥက္ကဌ) မကြာသေးခင်က မကွေးတိုင်းမှာ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဌ ကိုစံတင်ထွန်း ကို မင်းကင်းပကဖက ပစ်ခတ်ဖမ်းဆီးခဲ့တာ နဲ့ ပတ်သက်ပြီး အခုတော့ ၂ ဘက်ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်ထား ပါတယ်။ ဖမ်းဆီးပြီးတဲ့နောက်မှာ အခုလို ပစ်ခတ်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အဖြေထုတ်ပေးဖို့ တခြား အဖွဲ့ ၁၆ ဖွဲ့ကလည်း တောင်းဆိုထားခဲ့ပါတယ်။ ၁၆ ဖွဲ့ထဲက ဆိုရှယ်ဒီမိုကရက်တစ်ပါတီ SDP ခေါင်းဆောင် ကိုကျော်ကိုကို ကို ၂ ဘက် ပူးတွဲ ကြေညာချက် နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အမြင်ကို မေးမြန်း တင်ဆက် ထားပါတယ်။ THN Public
ဇွန် ၆ – ၂၀၂၆ ဖက်ဒရယ် ဦးဆောင်ကောင်စီ SCEF ကနေ မနေ့ ဇွန်လ ၅ ရက်နေ့မှာ နိုင်ငံတကာ သံတမန် တွေကို သံတမန်ဆိုင်ရာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံ ၂၄ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ ဒီရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ အနာဂတ် အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အပေါ် အမြင်ချင်းဖလှယ် ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။ အွန်လိုင်းကနေ တွေ့ဆုံခဲ့တာလား မြေပြင်မှာ လူချင်း တွေ့ဆုံတာလား ဆိုတာ ကိုတော့ ဖေါ်ပြခြင်း မရှိပါ။ ————————— THN Public Media
ဇွန် ၆ ၂၀၂၆ ၁၉၉၆ ဇွန်လ ၆ ရက်နေ့မှာ တည်ထောင်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါဝင်တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) တည်ထောင်ခြင်း နှစ် ၃၀ ပြည့်မှာ ဦးတည်ချက် ၄ ရက်အတိုင်း ဆက်လက်ချီတက်သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီ ၄ ချက်ကတော့ – (က) အာဏာရှင်စနစ် ပပျောက်ရေး (ခ) အရပ်သားပြည်သူ့အခြေခံအာဏာ ကျင့်သုံးရေး (ဂ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး (ဃ) ပြည်သူ့အစိုးရ ပေါ်ထွန်းရေး တို့ ဖြစ်ကြပါတယ်။ SSJAC ကို ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (SSPC) နဲ့ (SNLD) တို့ ပူးပေါင်းပြီး နိုင်ငံရေး မဟာမိတ် အဖြစ် စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၆ – ၂၀၂၆ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ဟာ မစ္စတာ ဝမ်ယိ နဲ့ ပေကျင်းမှာ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပြောကြားတဲ့ အထဲမှာ ဦးတင်မောင်ဆွေက “တရုတ် တနိုင်ငံတည်းမူဝါဒ” နဲ့ တရုတ်နိုင်ငံ ရဲ့ ကမ္ဘာလုံး ဆိုင်ရာ အစီအမံ (၄) ရပ် အပေါ် အပြည့်အဝထော က်ခံကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ ဝမ်ယိကလည်း မြန်မာ့ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ အရေးမှာ မြန်မာနဲ့ ကိုက်ညီတဲ့ လမ်းကြောင်း အတိုင်း လျှောက်လှမ်း နေမှုကို ထောက်ခံကြောင်း
ဇွန် ၆ – ၂၀၂၆ မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာ ကနေ မြိုင်စက်မှု (၂) ဘက်ကို ထွက်ပြေးသွားတဲ့ ပျူစောထီး အဖွဲ့ နဲ့ မိသားစု အယောက် (၇၀) ကျော် ကို ဖမ်းဆီးရမိကြောင်း အညာမြေတပ်ပေါင်းစု က ဒီကနေ့ သတင်း ထုတ်ပြန်ထား ပါတယ်။ ကုက္ကိုစုရွာ ကို အညာမြေတပ်ပေါင်းစု နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၄ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့တုန်းက အခု ဖမ်းဆီးရမိတဲ့သူတွေဟာ မြိုင်စက်မှု (၂) ဘက်ကို ထွက်ပြေးသွားကြတာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။ အခု ဖမ်းဆီးရမိတဲ့ သူတွေကို ဂျနီဗာကွန်ဗန်းရှင်း အရ ဘေးကင်းစွာ စောင့်ရှောက် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၅ – ၂၀၂၆ NSPNC ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့ နဲ့ ဇွန်လ ၄ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲမှာ SNA ရှမ်းနီအဖွဲ့က ရှမ်းနီတိုင်းရင်းသားတွေ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ရဖို့ တင်ပြ ဆွေးနွေးသွားတယ်လို့ ပြန်ကြားရေး သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးမယ် ဆိုတဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ဆွေးနွေးမှု အစီအစဥ်မှာ ပထမဆုံး အနေနဲ့ SNUC/SNA ရှမ်းနီ အမျိုးသားများညီညွတ်ရေးအဖွဲ့/ရှမ်းနီအမျိုးသားများတပ်မတော် ဟာ NSPNC ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့ ညှိနှိုင်းရေး ကော်မတီ နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ NSPNC ဘက်က ခြေဥ နဲ့ အညီ လွှတ်တော်ကို
ဇွန်လ ၅ – ၂၀၂၆ ကလေးသူငယ် အားလုံးဟာ လူသား အခွင့်အရေး အရ လွတ်လပ်စွာ ပညာသင်ယူခါင့် နဲ့ ကျောင်းရွေးချယ်ပိုင်ခွင့် ရှိပြီး မိဘတွေ ရဲ့ ကိုယ့် ကလေး ပညာရေးအတွက် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ကို လက်ခံ အားပေး သွားမယ်လို့ ‘’ကျောင်းသားတော်လှန်ရေးတပ်’’ SRF က ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။ ဒီအတွက် SRF နယ်မြေ အတွင်း ကလေးသူငယ် လွတ်လပ်စွာ ပညာသင်ကြားခွင့် လွတ်လပ်စွာသွားလာခွင့်ကို ထိပါးနှောင့်ယှက်တဲ့ ဘယ်လို အဖွဲ့အစည်းအကို မဆို ဆန့်ကျင်ပြီး ကျောင်းသားတွေ ဘက်က ကာကွယ်ရပ်တည်သွားမယ်လို့ ဖေါ်ပြထားပါတယ်။ ————————— THN Public Media
ဇွန် ၄ – ၂၀၂၆ မြန်မာနိုင်ငံ ပုံရိပ်ကို ထိခိုက်စေတဲ့ မှားယွင်းစာ ပုံဖေါ်ပြောကြားချက်ကို ရှောင်ကြဥ်ဖို့ တီမောလက်စ်တေ နိုင်ငံကို နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တိုက်တွန်းချက် တစောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးခင်က စင်ကာပူ နိုင်ငံ ရှန်ဂရီလာ ဆွေးနွေးပွဲ နဲ့ ဂျကာတာမြို့ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသန (ERIA) အစည်း အဝေးတွေမှာ တီမောလက်စ်တေ သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ က မြန်မာနိုင်ငံ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲမှားစေအောင် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရော စွက်ဖက်တာဖြစ်ပြီး အာဆီယံ ပဋိညာဉ်ကို ဆန့်ကျင်နေတဲ့ အတွက်